ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် ၅၅ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် ၅၅ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်


ကမ္ဘောဇတိုင်း
.
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် ၅၅ ခုတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
.




.
အဆိုပါ မဲဆန္ဒနယ်များမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ ၉)၊ တောင်ကြီးမြို့နယ် အပါအဝင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၄ ခု၊ ရှမ်းပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂၈ ခု၊ ရှမ်းပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် ၆ နေရာတို့ဖြစ်ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပါတီအမှတ်စဉ် (၁၁၂) ဖြင့် မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ဥက္ကဋ္ဌမှာ ယခင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats