စုလှိုင်
.
တောင်ကြီးမြို့နယ် ပုဂ္ဂလိက မော်တော်ယာဉ်များ ကြီးကြပ်ရေး
ကော်မတီကို ဩဂုတ်လ ၁၃ ရက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး
အစည်းအဝေးခန်းမတွင် အ များဆန္ဒနှင့်အညီ ပြန်လည် ရွေးချယ် တင်မြှောက်ခဲ့ကြောင်း
သိရသည်။
.
.
“ဒါကတော့
၂၀၁၃ ခုနှစ် ဥပဒေ မှာ ပြဌာန်းထားတဲ့ ရှမ်းပြည်နယ် ပုဂ္ဂလိက မော်တော်ယာဉ်ဆိုင်ရာ
ကြီး ကြပ်ရေး ဥပဒေရှိတယ်။ အဲဒီဥပဒေကို အသက်ဝင် ဆောင်ရွက်နိုင်အောင် ကော်မတီတစ်ရပ်
မဖြစ်မနေ ဖွဲ့စည်း ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အ များဆန္ဒနဲ့အညီ ဆောင်ရွက်ရတာ
ဖြစ်ပါတယ်။ အဲဒီလို ရွေးချယ်တဲ့အ ခါမှာ COVID-19 ကာလ ဖြစ်တဲ့ အချိန် နဲ့ တိုက်ဆိုင်သွားတာဖြစ်လို့အ
ချိန်ကြာမြင့်ခဲ့တာဖြစ်ပါတယ်” ဟု ပုဂ္ဂလိက မော်တော်ယာဉ်များ ကြီး ကြပ်ရေးကော်မတီ
ဖွဲ့စည်းရေးကော် မရှင်မှ တောင်ကြီးမြို့နယ် အုပ်ချုပ် ရေးမှူး ဦးဖြိုးမင်းထိုက်က
ကမ္ဘောဇ တိုင်းသို့ ပြောသည်။
ထိုသို့ ကော်မတီ
ရွေးချယ်ရာတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ပြည် နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
တို့၏ လမ်းညွှန်ချက်များ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်
ရာယာဉ်လိုင်းဂိတ်များ၊ ယာဉ်ပိုင် ရှင် အဖွဲ့အစည်းအသီးသီးမှ အများဆန္ဒ နှင့်အညီ
မဲပေးရွေးချယ်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ် ပုဂ္ဂလိက မော်တော်ယာဉ် ကြီးကြပ်ရေးကော်မ
တီကို ဥက္ကဋ္ဌအဖြစ် ဦးသန်းကျော်၊ အတွင်းရေးမှူးအဖြစ် ဦးမြသောင်း၊ အဖွဲ့ဝင်များ
အဖြစ် ဦးဝင်းမြင့်၊ ဦး မျိုးမြင့်ဦးနှင့် ဦးသန်းရွှေတို့မှ ဆောင်
ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ကော်မတီဝင်များကို အများသ ဘောဆန္ဒအရ
ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ရွေးချယ်ခံရသည့် ပုဂ္ဂိုလ်များမှလည်း ကိုယ်တိုင်
ဝါသနာနှင့်အညီ ရွေးချယ် ခံရခြင်း ဖြစ်သည့်အတွက် တောင် ကြီးမြို့နယ်
ပုဂ္ဂလိကမော်တော် ယာဉ် ကြီးကြပ် ရေးကိစ္စများတွင် ဥပဒေနှင့် အညီ
အင်တိုက်အားတိုက်ဆက်လက် ဆောင်ရွက်သွားနိုင်မည်ဟု
ယုံကြည် ကြောင်း ဦးဖြိုးမင်းထိုက်က ဆက် လက် ပြောဆိုခဲ့သည်။
.
“ယကက
အဖွဲ့အစည်းများ ဖွဲ့ စည်းရေးအတွက် ဥပဒေ၊ နည်းဥပဒေ တွေ မှာပါတဲ့ ညွှန်ကြားချက်
အတိုင်း ပဲ ဆက်လုပ်သွားမှာဖြစ်ပါတယ်။ ကော်မတီ အသစ်ဖွဲ့တော့ ညွှန်ကြား ချက်တွေ
မရလာသေးတဲ့ အတွက် အသေးစိတ်ကို ပြန်ပြောပေးပါမယ်” ဟု တောင်ကြီးမြို့နယ်
ပုဂ္ဂလိကမော် တော်ယာဉ်များ ကြီးကြပ်ရေး ကော်မ တီအဖွဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ
ဦးသန်းကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ တောင်ကြီးမြို့နယ် ပုဂ္ဂ လိက မော်တော်ယာဉ်
လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီကို တောင် ကြီးမြို့ နယ်အုပ်ချုပ်ရေးမှူး၊
မြို့နယ် ဥပဒေအရာရှိ၊ ပို့ဆောင်ဆက်သွယ် ရေး ညွှန်ကြားမှုဦးစီးဌာန၊ တောင်
ကြီးမြို့နယ်ရဲတပ်ဖွဲ့ မှူးတို့ ပါဝင်သော ကော်မရှင်အဖွဲ့က ရွေးချယ်ပေးခဲ့
ခြင်းဖြစ်ပြီး ဝင်ရောက်ရွေးချယ်ခံသူ ကိုယ်စားလှယ်လောင်း ၁၁ ဦး အနက် ၅ ဦးကို
ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.