မင်းဇော်မင်း
.
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊
လောက်ကိုင်မြို့နယ်အတွင်းရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး ဂိတ် သည်
ယခုနှစ်ပိုင်းအတွင်း တ ရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး\ ဒုတိယအကြီးဆုံး
ဂိတ်စခန်း တစ်ခု ဖြစ်လာသည်ဟု တရုတ်နိုင်ငံ အခြေ စိုက် ယူနန်ပြည်နယ် သတင်းစဉ်မှ
ဖော်ပြထားကြောင်း သိရသည်။
.
.
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူ နန်ပြည်နယ်၊
လင်ချန်းမြို့တို့၏ နယ် စပ်ကုန်သွယ်မှုမှာ ၂၀၁၉ ခုနှစ်အတွင်း ယွမ်ငွေ ၂ ဒသမ ၆
ဘီလီယံအထိ မြင့် တက်လာခဲ့သဖြင့် ယခင် ဂိတ်ဖွင့်စ ၂၀၁၁ ခုနှစ်က ရရှိခဲ့သည့်
ယွမ်သန်း ၁၅၀ ထက် ၁၈ ဆ ပိုမိုမြင့်တက်လာ ခြင်းဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်
ကုန်သွယ်ရေးတွင် ကုန်သွယ်မှု ပမာ ဏ ဒုတိယအကြီးဆုံး ကုန်သွယ်ရေး ဂိတ်
ဖြစ်လာခြင်းဖြစ်ကြောင်း သိရ သည်။
တရုတ်နိုင်ငံ၊ ကိန်မာတိုင်ရှမ်းနှင့် “ဝ” တိုင်းရင်းသား
ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်း ပါဝင်သည့် တရုတ် နိုင်ငံဘက်ခြမ်းတွင် အခြေခံအ
ဆောက်အဦ တည်ဆောက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ဂိတ်စ ခန်း
စီးပွားရေးဇုန် ၁၄ ကီလိုမီတာ အ တွင်း ဥယျာဉ်ဇုန်၊ ပင်မလမ်းကြောင်း၊ တစ်နှစ်လျှင်
ယွမ်သိန်း ၉၀ တန်ဖိုး ထုတ်လုပ်နိုင်မည့် ဟင်းသီးဟင်းရွက် ထုပ်ပိုးစက်ရုံ၊
သကြားစက်ရုံများကို ယွမ်ငွေ ၁၂၁ သန်း အကုန်အကျခံ တည် ဆောက်လျက်ရှိကာ ချင်းရွှေ
ဟော်ဂိတ်စခန်း ပူးပေါင်းစစ်ဆေးရေး အဆောက်အဦ စီမံကိန်းကို ယွမ်ငွေ သိန်း ၉၀ ဖြင့်
ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
.
ယင်း ပူးပေါင်းစစ်ဆေးရေးဂိတ် အဆောက်အဦ စီမံကိန်းတွင် တံခါး
ပေါက်၊ စစ်ဆေးရေးဇုန်နှင့် ကုန်စည် ကွင်း၊ ပိုးမွှားကင်းစင် ရေနွေးငွေ့အ
ခန်းတို့မှာ တည်ဆောက်ပြီးစီးပြီ ဖြစ် ကြောင်း ယူနန်သတင်းတွင် ဖော်ပြ ထားသည်။
.
မြန်မာနိုင်ငံမှ တင်သွင်းသည့် ရေ နေသတ္တဝါများနှင့်
အေးခဲရေထွက် ကုန်များကို စစ်ဆေးနိုင်မည့် စစ်ဆေး ရေး အအေးခန်း ဂိုဒေါင်အတွက် စီမံ
ကိန်းဧရိယာ ၃၉၀၀၀ စတုရန်းမီတာ ရှိ အဆင့်မြင့်စက် ရုံကိုလည်း အရှိန် အဟုန်မြှင့်
တည်ဆောက်လျက်ရှိပြီး တစ်နှစ် တန်ချိန် ၁၂၀၀၀ ထွက်ရှိမည့် သကြားခဲစက်ရုံကိုလည်း တည်
ဆောက်လျက်ရှိကာ အကောက်ခွန် သိုလှောင်စက်ရုံ၊ နန်းတင်းမြစ်ဖြတ် ကျော်တံတား၊ တာဝမ်းမြစ်ရှိ
စက်သုံး ဆီ ဖြည့်တင်းရေးဂိတ် စီမံကိန်းများ ကိုလည်း ဆောင်ရွက်ပေးလျက် ရှိ ကြောင်း
သိရသည်။
.