မင်းဇော်မင်း .
နမ့်ဆန်မြို့နယ်၊ မန်ခိုက်ရပ်ကွက်မှ ဖမ်းဆီးထားသည့် အမျိုးသား ၄ ဦးကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူမည်ဟု သြဂုတ်လ ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။
.
မူးယစ်ဆေးဝါး သုံးစွဲနေကြောင်း သတင်းအရ PSLF/TNLA နမ်ဆန်မြို့နယ် အုပ်ချုပ်ရေး အမှတ်(၄)တိုက်နယ်က သြဂုတ်လ ၂၅ ရက်တွင် သွားရောက်စစ်ဆေးရာ မူးယစ်ဆေး သုံးစွဲနေသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တာအောင်နိုင်၊ ဦးစံအေး၊ ဦးကျော်ဝင်းနှင့် မိုင်းသူရနိုင်တို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့အား PSLF/TNLA ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေအရ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် အဆိုပါ အမျိုးသားများကို မူးယစ်ဆေးဝါး သုံးစွဲနေကြောင်း သတင်းအရ သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး မူးယစ်ဆေးအချို့နှင့် မူးယစ်ဆေး သုံးစွဲသည့် ပစ္စည်းကိရိယာများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်းနှင့် NLD ပါတီဝင်များ ဖြစ်ကြောင်း စိစစ်သိရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ TNLA အဖွဲ့၊ သတင်းနှင့် ပြန်ကြားရေးဌာနသို့ ဆက်သွယ် မေးမြန်းရာတွင် ဖုန်း လက်ခံ ဖြေဆိုခြင်း မရှိခဲ့ချေ။
.
ထို့အတူ အဆိုပါ နေအိမ်အား ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် အုပ်ချုပ်ရေး အာဏာပိုင်များက သြဂုတ် ၂၇ ရက်တွင် ဝင်ရောက် ရှာဖွေစစ်ဆေးရာ နေအိမ် မီးဖိုခန်း အတွင်းရှိ မီးသွေးအိတ်အတွင်း၌ ဘိန်းဖြူများ ထည့်ထားသော ထိုင်း စာတန်းပါ အဖြူရောင်ပလပ်စတစ် ၁၈ ဘူးကို သိမ်းဆည်းရမိခဲ့သဖြင့် နမ့်ဆန်မြို့မရဲစခန်းတွင် မယ(ပ) ၁/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်းလည်း ရဲတပ်ဖွဲ့ထံမှ သိရသည်။