နမ့်ဆန်ရှိ TNLA အဖွဲ့ ခေါ်ဆောင်ခြင်း ခံရသူ၏ နေအိမ်မှ ဘိန်းဖြူများ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်ဆန်ရှိ TNLA အဖွဲ့ ခေါ်ဆောင်ခြင်း ခံရသူ၏ နေအိမ်မှ ဘိန်းဖြူများ တွေ့ရှိ


မင်းဇော်မင်း
.

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၊ မန်ခိုက်ရပ်ကွက်ရှိ TNLA အဖွဲ့မှ ခေါ်ဆောင်ခြင်း ခံရသူ၏ နေအိမ်မှ ဘိန်းဖြူဟု ယူဆရသည့် အဖြူရောင် အမှုန့်များ ထည့်ထားသည့် ပလတ်စတစ်ဘူးများကို သြဂုတ်လ ၂၇ ရက်က တွေ့ရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ နေအိမ်မှာ သြဂုတ်လ ၂၆ ရက်၊ နံနက် အစောပိုင်းက TNLA က ခေါ်ဆောင်သွားခဲ့သူ ၄ ဦးအနက် ပါဝင်သည့် ဦးအောင်နိုင်နှင့် ဦးသူရနိုင်တို့ နေထိုင်သည့် ရပ်ကွက် NLD ရုံး ဖွင့်လှစ်ထားသည့် နေအိမ် ဖြစ်ကြောင်း သိရသည်။
.


“ ဟုတ်ပါတယ်။ အဲဒီ သူရနိုင် အိမ်ပါပဲ၊ ခေါ်သွားခံရတာကတော့ ပြန် လွတ်မလာသေးပါဘူး။ သတင်းအရ အိမ် ပိတ်ထားလို့ ဝင်ရှာတာမှာ တွေ့ရတယ်လို့ ရဲကြေးနန်းအရ သိရတယ်။” ဟု နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကျော် (ခ) ဦးအိုက်မိုင်းက  အတည်ပြုသည်။
.
မူးယစ်ဆေးဝါး သတင်းအရ ပူးပေါင်းအဖွဲ့သည် သြဂုတ်လ ၂၇ ရက်၊ နေ့လယ်ပိုင်းတွင် နမ့်ဆန်မြို့၊ မန်ခိုက်ရပ်ကွက်ရှိ အဆိုပါ တံခါး ပိတ်ထားသည့် နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ် မီးဖိုခန်းအတွင်းရှိ မီးသွေးအိတ်အတွင်းမှ ထိုင်း စာတမ်းပါ အဖြူရောင် ပလပ်စတစ်ဘူး ၁၈ ဘူးဖြင့် ထည့်ထားသည့် ကာလတန်ဖိုးငွေ ၁၂၆၀၀၀ ကျပ်ခန့်ရှိ ဘိန်းဖြူများကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါး သုံးစွဲရောင်းချရန် အလို့ငှာ လက်ဝယ်ထားရှိသူ ဦးသူရနိုင်အား နမ့်ဆန်မြို့မရဲစခန်းမှ မယ(ပ) ၁/၂၀၂၀ ၊ မူး/စိတ်ပုဒ်မ ၁၉(က) အရ အမှုဖွင့်လှစ်ထားပြီး ၎င်းမှာ လက်ရှိတွင် TNLA အဖွဲ့၏ ခေါ်ဆောင်သွားခြင်း ခံထားရကြောင်း သိရသည်။

Journal Download

Photo of three cats