ဘဏ် နည်းပညာများဖြင့်သာ စိစစ်နိုင်သည့် ထိုင်းဘတ်ငွေအတုများ နယ်စပ်တွင် ပျံ့နှံ့နေဟု ဆို - Kanbawza Tai News

Breaking

Saturday, August 1, 2020

ဘဏ် နည်းပညာများဖြင့်သာ စိစစ်နိုင်သည့် ထိုင်းဘတ်ငွေအတုများ နယ်စပ်တွင် ပျံ့နှံ့နေဟု ဆို


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံနယ်စပ်တွင် ဘဏ်နည်း ပညာများ ဖြင့်သာ စိစစ်နိုင်သည့် ထိုင်း ဘတ်ငွေ အတုများ ပျံ့နှံ့နေသဖြင့် သတိထားရန်လိုကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Social Action for Woman (SAW) အဖွဲ့မှ သတိပေးမှုများ ရှိနေ ပြီး နယ်စပ် ကုန်သည်အသင်း အဖွဲ့ များမှလည်း လှုံ့ဆော်မှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။
.

.
ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ် ရောဂါ ကာလအတွင်း ထိုင်းနိုင်ငံတွင် စီးပွားရေး ကျဆင်းနေချိန်၌ ဘတ် ငွေ ၁၀၀၀ တန်နှင့် ၅၀၀ တန်အတု များကို နယ်စပ်များတွင် ဖြန့်ဝေနေမှု ကြောင့် လမ်းဘေး ဈေးသည်များ၊ ကုန်စုံ ဆိုင်ပိုင်ရှင် များထံမှ ငွေတုမိ သည့် သတင်းများ ထွက်ပေါ်လာပြီး ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၏ ရွှေ ဈေးမှာလည်း ဘတ် ၃၀၀၀၀ အ ထိ မြင့်တက်သွားခဲ့ကြောင်း SAW အဖွဲ့မှ ဖော်ပြထားသည်။
.
ယင်း ဘတ်ငွေအတုများကို ဘဏ် ဝန်ထမ်းများနှင့် နည်းပညာများဖြင့် စစ်ဆေးမှသာ အတုအစစ် ခွဲခြားသိ နိုင်မည် ဖြစ်သည့်အတွက် အထူး သတိပြုကြရန် လိုကြောင်းနယ်စပ် ကုန်သည် အသင်းဝင် တစ်ဦးက ပြော သည်။
.
“စစ်လို့မရတဲ့အထိ သိပ်ကောင်း လွန်းတယ်။ ကျပ် ဘတ် လဲရင် မသိ တဲ့သူတွေ ခံရမှာပါ။ အထူးသတိထား ကြဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ပြော သည်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်း ဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်များ ရှိ နယ်စပ်ဒေသအချို့တွင် မြန်မာကျပ် ငွေ အစား ထိုင်းနိုင်ငံသုံး ဘတ်ငွေကို သာ အဓိကထား သုံးစွဲနေကြသည် ဖြစ်ရာ ယခု ထိုင်းဘတ်ငွေအတုများ ပေါ်ပေါက်နေမှုကြောင့် ဈေးကွက် တွင် အထူးသတိထား ရောင်းဝယ် နေရကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats