ရေမြောင်းစနစ် အားနည်းချက်များကြောင့် တောင်ကြီးမြို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ကြောင်း ဒေသခံများ ဝေဖန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရေမြောင်းစနစ် အားနည်းချက်များကြောင့် တောင်ကြီးမြို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ကြောင်း ဒေသခံများ ဝေဖန်


ဗျတ္တ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပွားနေရခြင်းမှာ မြို့ တွင်းရှိ ရေမြောင်းစနစ် အားနည်း ချက်များကြောင့်ဖြစ်သည်ဟု ဒေသခံ များမှ ဝေဖန်ပြောဆိုလျက် ရှိကြောင်း သိရသည်။
.

.
ပြီးခဲ့သည့် ဩဂုတ်လပထမပတ် အတွင်းက မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် တောင်ကြီးမြို့ပေါ် ရပ်ကွက် များရှိ နေရာအချို့တွင် ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှု အပြင် မြေပြိုမှုများလည်း ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
.
“ဒီရက်ပိုင်း ရွာတဲ့မိုးက ရေတော် တော် ပါတယ်လို့ ပြောလို့ရတယ်။ ရွာတဲ့အချိန်လည်းကြာတယ်။ မိုးရွာ တိုင်းဘာ မိုးရေက ရေမြောင်းထဲ မစီး ဘဲ လမ်းမတွေပေါ် စီးနေတာပေါ့။ လမ်းမပေါ် စီးတဲ့ရေက အိမ်တွေထဲ ဝင်ပြီး ရေမြုပ်တာတွေ ဖြစ်လာတယ်။ ရေမြောင်းစနစ်တွေ ကောင်းအောင် မလုပ်နိုင်ရင် ရေမြုပ်တာက အမြဲလို ဖြစ်နေလိမ့်မယ်” ဟု ကျောင်းကြီးစု ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြော သည်။
.
သက်ဆိုင်ရာ ဌာနများမှ တောင် ကြီးမြို့ပေါ်တွင် ရေနုတ်မြောင်းများ ပြုလုပ်ပေးနေသော်လည်း ရေမြောင်း တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှု အား နည်းသည့်အတွက် မိုးရွာသွန်းသည့် အချိန်တိုင်း လမ်းမများပေါ်တွင်ရေ စီးနေခြင်းကြောင့် နေအိမ်များအ တွင်းသို့ ရေဝင်ရောက်ခြင်း၊ လမ်း ပျက်စီးခြင်းများ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ် ရပ်ကွက်များအတွင်း ရေ ကြီးရေလျှံမှု မဖြစ်စေရေးအတွက် ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပြီးခဲ့ သည့် ၂၀၁၉ ခုနှစ်အတွင်းက ပြောဆို ထားခဲ့သော်လည်း ယခုနှစ် မိုးရာသီ တွင် ရေကြီးရေလျှံမှုနှင့် အတူ မြေပြို မှုများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။
.
မြို့တော် တောင်ကြီးသည် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့် ပေ ၄၇၁၂ ပေတွင် တည်ရှိသည့် တောင် ပေါ်မြို့တစ်မြို့ ဖြစ်သော်လည်း နှစ် စဉ် မိုးရွာသွန်းချိန်၌ ရေကြီးရေလျှံမှု များ တွေ့ကြုံနေရသည့်အတွက် ရေ မြောင်း စနစ်များ ကောင်းမွန်အောင် ဆောင်ရွက်သင့်ကြောင်း ဒေသခံများ မှ ပြောဆိုလျက်ရှိသည်။
.

Journal Download

Photo of three cats