တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းရှိ လမ်းနယ်နှင့် မလွတ်ကင်းသည့် ဓါတ်တိုင်များကို ဖယ်ရှားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းရှိ လမ်းနယ်နှင့် မလွတ်ကင်းသည့် ဓါတ်တိုင်များကို ဖယ်ရှားမည်


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းရှိ လမ်းနယ်နှင့် မလွတ်ကင်းသည့် ဓါတ် တိုင်များကို ဖယ်ရှားရှင်းလင်းပြီး အသစ် ပြောင်းလဲတပ်ဆင်ရန် ရှမ်းပြည် နယ်အစိုးရအဖွဲ့သို့ တင်ပြ ထား ကြောင်း တောင်ကြီး မြို့နယ် လျှပ်စစ် အင်ဂျင်နီယာမှူးရုံးမှ သိရသည်။
.

.
ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရော ပြည်ထောင်စုအစိုးရအဖွဲ့ရော တင်ပြ ထားတယ်။ အနောက်မြို့ပတ်လမ်းမှာ လမ်းနဲ့ မလွတ်ကင်းတဲ့ ဓာတ်တိုင် တွေကို ရွေ့မယ်။ အရင်တုန်းကတိုင် ဟောင်းတွေကို ၁၂ မီတာ ကွန်ကရစ် တိုင်တွေနဲ့ ကာဗာပါတဲ့ ကြိုးတွေနဲ့ လဲတဲ့ လုပ်ငန်းပေါ့။ ခွင့်ပြုချက် တောင်းပြီးတော့ မနက်ကို ၉ နာရီ ၁၀ နာရီလောက်ကို မီး ပိတ်မယ်။ ညနေ ၄ နာရီလောက်မှာ မီးပြန်ရအောင် ဆောင်ရွက်ဖို့ ရှိတယ်။ တင်ပြထား တယ် ခွင့်ပြုချက် မရသေးဘူး” ဟု တောင်ကြီးမြို့နယ် လျှပ်စစ် အင်ဂျင် နီယာ ဦးဝင့်ကျော်ကျော်က ကမ္ဘော ဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့ပေါ်ရှိ အနောက် မြို့ ပတ်လမ်း အပါအဝင် လမ်းအချို့ တွင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း၊ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ထိုသို့ လမ်းအ ဆင့်မြှင့်တင်ရာတွင် လမ်းနယ်နှင့် မ လွတ်ကင်းသည့် ဓါတ်တိုင်များကို ဖယ်ရှား ရှင်းလင်းခြင်းနှင့် တိုင်အ သစ် လဲလှယ်ခြင်းလုပ်ငန်း ဆောင် ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
.
အရင်တုန်းက ၁၂ မီတာတိုင် ဟောင်း အရင်ဟာ ထက်ပိုပြီး ရှည်တဲ့ တိုင်တွေနဲ့ ကောင်းအောင်ဆောင် ရွက်ဖို့ ရှိပါတယ်။ တစ်လက်စတည်း လုပ်တဲ့သဘောပါ။ ရုံးချုပ်တို့ ရှမ်း ပြည်နယ်အစိုးရ အဖွဲ့တို့ကိုခွင့်ပြုချက် တောင်းပြီးမှ လုပ်တာပါ”ဟု ဦးဝင့် ကျော်ကျော်က ဆက်လက် ပြောဆိုခဲ့ သည်။
.
တောင်ကြီးမြို့၊ အနောက်မြို့ ပတ်လမ်းနှင့် ရပ်ကွက်တွင်းလမ်းများ တွင် စနစ်တကျ စိုက်ထူထားခြင်း မ ရှိသည့် လျှပ်စစ်ဓါတ်တိုင်များ၊ ဆက် သွယ်ရေးအော်ပရေတာများ၏ဆက် သွယ်ရေးတိုင်များကြောင့် ဒေသခံ များအတွက် သွားလာရေး အခက်အခဲ များ ဖြစ်ပေါ်နေ လျက်ရှိကြောင်း ဒေ သခံများမှ ပြောဆို လျက်ရှိသည်။
.

Journal Download

Photo of three cats