တောင်ကြီးမြို့ပေါ်ရှိ နေအိမ်များ၊ ဆိုင်ခန်းများတွင် ဖောက်ထွင်းခိုးယူခံရမှု များပြားလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်ရှိ နေအိမ်များ၊ ဆိုင်ခန်းများတွင် ဖောက်ထွင်းခိုးယူခံရမှု များပြားလာ


စိုင်းအောင်မြတ် (တောင်ကြီး)
.
တောင်ကြီးမြို့ပေါ်ရပ်ကွက်များ ရှိ လူနေအိမ်များ၊ ဆိုင်ခန်းများ၊ ကွမ်း ယာဆိုင်ငယ်များအထိ ဖောက်ထွင်း ခိုးယူခံရမှု များပြားလာနေလျက် ရှိကြောင်း ဒေသခံများထံက သိရ သည်။
.

.
“COVID-19 ကြောင့် အလုပ် လက်မဲ့ဖြစ်နေလို့ ကွမ်းယာဆိုင်လေး ဖွင့်ထားပါတယ်။ လာဖောက်သွား တယ်။ ဆိုင်ထဲမှာလည်း အဖိုးတန် ပစ္စည်းဆိုလို့ ဘာမှမရှိပါဘူး။ ဖောက် ရုံသာမက ဆိုင်ကိုပါ ဓါးနဲ့ခွဲပြီး ဖျက် ဆီး သွားသေးတယ်။ ချမ်းသာတဲ့အိမ် က ရွှေ၊ ငွေ အဖိုးတန်ပစ္စည်းတွေ ခိုး တယ်ဆိုတော့ ထားပါတော့။ ကျွန် တော်တို့လို ကွမ်းယာဆိုင်ငယ်လေး ကို ဖောက်ခိုးတဲ့အထိ သောင်းကျန်း တာတော့ လွန်တာပေါ့။ နောက်ဆို မရှိလို့ တောင်းစားရင်တောင် ခွက် ခိုးမယ့်သူ၊ ခွက်လုမယ့်သူတွေ ပေါ် လာဦးမလား မသိဘူး” ဟု ကွမ်းယာ ဆိုင် ဖောက်ထွင်းခံရသူ ကိုမောင်ဦး က ပြောသည်။
.
ထို့အတူ အခြား ဖောက်ထွင်း ခံ ရသူ ကွမ်းယာဆိုင်ရှင် တစ်ဦးဖြစ်သူ ဒေါ်ဝင်းမာကလည်း “ဘိန်းစားချင်း အတူတူ တစ်လုံးပိုရှူသလို မိသားစု များလို့ စားဝတ်နေရေးအခက်အခဲ ကြောင့် အခုလို လမ်းဘေးမှာ ကွမ်း ယာဆိုင်လေး ဖွင့် ရောင်းတာကို ဖောက်ထွင်းပြီး ခိုးယူသွားတော့ အရင်းပြုတ်ပြီပေါ့။ ဆိုင်တံခါးသော့ ကို ရိုက်ချိုးဖျက်ဆီးပြီး ခိုးတာက တော့ ကိုယ်ချင်းမစာ ရက်စက်လွန်း ပါတယ်”ဟု ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့ပေါ်တွင် ဖောက်ထွင်းခိုးယူမှုများ မကြာခဏ ဖြစ်ပွားနေသော်လည်း ကျူးလွန်သူများကို ဖမ်းဆီး ရမိမှု နည်းပါး နေသေး ကြောင်း ဒေသခံများကပြောဆိုလျက် ရှိသည်။
.
ယခုအခါ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွား နေသော COVID-19 ကပ်ရောဂါ ကြောင့် အလုပ်လက်မဲ့ များပြားလာရုံ သာမက မူးယစ်ဆေး သုံးစွဲသူများ၊ ဖျက်လို ဖျက်ဆီး ပြုလုပ်လိုသူများမှ ထိုကဲ့သို့ ဆိုင်ငယ်များကို ဖျက်ဆီးခိုး ယူခြင်းများ ကျူးလွန်နေကြကြောင်း ဒေသခံများထံက သိရသည်။
.

Journal Download

Photo of three cats