ဗျတ္တ
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့၊
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စူဠာမုနိ လောကချမ်းသာစေတီတော် ခြေရင်းတွင် ထားရှိသည့်
ကျန်းမာရေး ဆိုင်ရာ အထောက်အကူပြု လေ့ ကျင့်ခန်းပြုလုပ်သည့် ပစ္စည်းများ
ပျက်စီးနေသည့်အတွက် ပြန်လည် ပြင်ဆင်ပေးစေလိုကြောင်း ဒေသခံ များက
ပြောဆိုလျက်ရှိသည်။
.
.
အဆိုပါ ကျန်းမာရေး လေ့ကျင့် ခန်း အထောက်အကူပြုပစ္စည်းအများ
စုမှာ အသုံးပြု မရသည်အထိ ပျက်စီး နေခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့က
ညနေတိုင်း လမ်း လျှောက်ရင်း လေ့ကျင့်ခန်း လုပ်ဖြစ် ပါတယ်။ အခုဒီမှာရှိတဲ့ အထောက် အ
ကူပြုပစ္စည်း တော်တော်များများက ပျက်စီးနေပြီ။ တချို့ဟာတွေဆိုရင် လုံးဝ သုံးလို့မရတော့ဘူး။ သက်ဆိုင် ရာ တာဝန်ရှိသူတွေအနေနဲ့ ပြန်ပြင် တာ ဖြစ်ဖြစ်၊ အသစ်
လဲပေးတာဖြစ် ဖြစ် လုပ်ပေးရင် ကောင်းပါတယ်” ဟု အဆိုပါ အားကစား ပစ္စည်းများဖြင့်
လေ့ကျင့်ခန်းပြုလုပ်လေ့ရှိသူ တောင် ကြီးမြို့နေ ဒေသခံတစ်ဦးက ပြော သည်။
.
ယင်း ကျန်းမာရေး အထောက် အကူပြု လမ်းလျှောက် လေ့ကျင့်ခန်း
ပြုလုပ်နိုင်သည့် ပစ္စည်း ၄ ခုအနက် တစ်ခုသာ အကောင်း ရှိပြီး ကျန် ၃ ခု မှာ
အသုံးပြု၍ မရအောင် ပျက်စီးနေ ခြင်း ဖြစ်ပြီး အခြား လေ့ ကျင့်ခန်း ပြု လုပ်သည့်
ပစ္စည်းများလည်း ပျက်စီး မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
.
COVID-19 ကပ်ရောဂါ
ကူးစက် ဖြစ်ပွားသည့်အချိန်မှစ၍ တောင်ကြီး မြို့တွင် ကျန်းမာရေးအတွက် အားက စား
ပြုလုပ်သူ များပြားလာပြီး လေ့ ကျင့်ခန်း ပြုလုပ်သူ များပြားလာသည့် အတွက် ယင်း
အထောက်အကူပြု ပစ္စည်းများ ပျက်စီးခြင်း ဖြစ်နိုင် ကြောင်း အဆိုပါ နေရာတွင် နေ့စဉ်
အားကစား ပြုလုပ်သူ တစ်ဦးက ပြောသည်။
.
အဆိုပါ ကျန်းမာရေး အထောက် အကူပြု ပစ္စည်းများအား
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က မြို့နယ်စည်ပင်သာ ယာရေးဌာနမှ တပ်ဆင်ပေးထားခြင်း
ဖြစ်ကြောင်း သိရသည်။
.