မင်းမင်း
.
မြို့တော်တောင်ကြီးရှိ လမ်းများ အား စည်ပင်သာယာရေးဌာနမှ အ
ဆင့်မြှင့်တင်မှုများ ဆောင်ရွက်နေမှု ကြောင့် မြို့တွင်းတွင် ယာဉ်ကြော
ပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားနေ လျက်ရှိကြောင်း သိရသည်။
.
.
“တစ်လမ်းပြီးမှ နောက်တစ်လမ်း ပြင်မယ်ဆိုရင် ယာဉ်ကြောပိတ်
ဆို့တာတွေက ဒီလောက်ဆိုးမှာ မဟုတ်ဘူး။ အနောက်မြို့ပတ်လမ်းဆို ရင် လည်း ဟိုတစ်ကွက်၊
ဒီတစ်ကွက်နဲ့ ပြင်ထားတယ်။ တခြားလမ်းတွေမှာ လည်း တစ်ခြမ်းစီ ပြင်တယ်။ မပြီး သေးဘူး။
နောက်တစ်လမ်း ထပ်ပြင် တော့ ဟိုလမ်းကပိတ်၊ ဒီလမ်း ကပိတ် နဲ့ သွားမရတော့ဘူး။
သွားလို့ရတဲ့ လမ်းကိုပဲ သွားကြတော့ ကားတွေ ပိတ်တာ နေ့တိုင်း ကြုံနေရတယ်”ဟု
တောင်ကြီးမြို့၊ ရွှေတောင် ရပ်ကွက် နေ ကိုမင်းသူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
တောင်ကြီးမြို့ပေါ်ရှိ အနောက် မြို့ပတ်လမ်း၊ နဂါးပွက်ကျောင်းလမ်း၊
တောင်ကျောင်းလမ်း၊ တပင်ရွှေထီး လမ်းနှင့် ရပ်ကွက်တွင်း လမ်း အချို့ အား
စည်ပင်သာယာရေးဌာနမှ ပြု ပြင်နေခြင်း ဖြစ်ပြီး ယင်း လမ်းများ ပိတ်ဆို့နေသည့်အတွက်
အခြားလမ်း များမှ ရှောင်ကွင်းသွားလာလျက် ရှိ ရာ ကန်အောက်ရပ်ကွက်၊ အနော်ရ ထာလမ်း
အပါအဝင် မြို့တွင်း လမ်း အချို့၌ ယာဉ်ကြောပိတ်ဆို့မှုများ မ ကြာခဏ ဖြစ်ပွားနေရပြီး
လိုင်စင်မဲ့ မော်တော်ယာဉ် စီးနင်းသူများပြား ခြင်းကြောင့်လည်း လမ်းမများပေါ် တွင်
ယာဉ်အသွားအလာ ကြပ်တည်း နေခြင်း ဖြစ်ကြောင်း ဒေသခံများထံ က သိရသည်။
.
“မိန်းလမ်းတစ်ခုပဲ သွားလာရ တာ အဆင်ပြေတယ်။ တခြားလမ်း တွေက
တစ်လမ်းမောင်းတွေ၊ ပြင်နေ တဲ့ လမ်းတွေဆိုတော့ ယာဉ်ကြော
ပိတ်ဆို့မှုကပိုဆိုးလာတာပေါ့။ လမ်း လုပ်ငန်း ဆောင်ရွက်တဲ့နေရာမှာ စ နစ်တကျနဲ့
လုပ်ဆောင်မှု အားနည်း တယ်လို့ မြင်တယ်။ ပြီးတော့မြောင်း ကမပြီး၊ မြောင်းပြီးတော့
လမ်းက ပျက်ပြီ။ နိုင်ငံတော်ဘဏ္ဍာ ငွေတွေ အလဟသ ဖြစ်တယ်။ ပြည်သူတွေ လည်း သွားလာရေး
အခက်အခဲဖြစ် တယ်။ ပြည်နယ်အစိုးရက ဒါကို တာ ဝန်ယူ ဖြေရှင်း ပေးသင့်ပါတယ်” ဟု
တောင်ကြီးဒေသခံတစ်ဦးဖြစ်သူ ကိုအာကာတင်စိုးကလည်း ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့ပေါ်တွင် မြို့မဈေး အနီးတစ်ဝိုက် နေရာများ၊
ရဲဘော် ဈေးအနီးတစ်ဝိုက် နေရာများမှာ ယာဉ် ကြော ပိတ်ဆို့မှု အများဆုံးဖြစ် ပြီး
ကံသာရပ်ကွက်၊ နိဗ္ဗာန်လမ်းဆုံ နှင့် စိန်ပန်းရပ်ကွက်၊ မီးသွေးတန်း
လမ်းဆုံတို့တွင်လည်း ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားနေလျက် ရှိ ကြောင်း သိရသည်။
.