တောင်ကြီးမြို့၊ ပန်းတင်လမ်းမကြီးအား အဆင့်မြှင့်တင် ပြုပြင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ပန်းတင်လမ်းမကြီးအား အဆင့်မြှင့်တင် ပြုပြင်


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ဆိုးရွား စွာ ပျက်စီးနေသည့် ပန်းတင် လမ်းမကြီး အရှည် ၁ မိုင် ၁ ဖာလုံအား ၁၂ ပေ အကျယ်မှ ၁၈ ပေအကျယ်ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်တင်ပြုပြင် မှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။
.

.
ပြည်သူလူထုက တောင်းဆို တာပေါ့။ လွှတ်တော်မေးခွန်းလည်း မေးထားတာရှိတယ်။ အဆိုတင်ထား တာ ရှိတယ်။ စိစစ်တင်ပြရန် ဆိုပြီး တော့ ၃ စောင်လောက် ရှိတယ်။ ရ တဲ့ ရန်ပုံငွေပေါ်မှာ တင်ရတာပေါ့။ လမ်းကရှိပြီးသား ဆိုတော့ ပြင်ထိန်း အနေနဲ့ တင်တာပါ။ အခုတော့အထွေ ထွေပိုလျှံရန်ပုံငွေနဲ့ ပြင်ဆင်သွားမှာ ပါ”ဟု တောင်ကြီးမြို့နယ် ကျေးလက် လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး နိုင်ဝင်း‌အောင်က ပြောသည်။
.
အဆိုပါ ပန်းတင်လမ်းမကြီး၏ ပျက်စီးနေသည့် လမ်းပိုင်း ၅၉၀၀ ပေကို ကတ္တရာလမ်းအဖြစ် အဆင့် မြှင့်တင် ပြုပြင်ဆောင်ရွက်ရာတွင် ၅ ပေပတ်လည် တံတား ၄ စင်း ထည့် သွင်း ဆောင်ရွက်ပေးသွားမည်ဖြစ် ပြီး အထွေထွေ ပိုလျှံ ရန်ပုံငွေ ၃၁၄ သန်း ကုန်ကျမည်ဟု ခန့်မှန်းထား ကြောင်း ၎င်းထံက သိရသည်။
.
ပန်းတင် လမ်းမကြီးသည် ဗိုလ် ချုပ်အောင်ဆန်းလမ်း၊ တောင်ကြီး-ဇလဲ-လဲသက်လမ်း၊ ကန်လောင်း-ဇလဲလမ်းတို့နှင့် ဆက်စပ်နေပြီး ယခု ပျက်စီးနေသည့် လမ်းပိုင်းအား အဆင့် မြှင့်တင် ပြုပြင်မှုလုပ်ငန်းများ ဆောင် ရွက်ပြီးပါက တောင်ကြီးမြို့ပတ်လမ်း တစ်ခုအဖြစ် အသုံးပြု သွားလာနိုင် မည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats