အများပိုင် လမ်းပေါ်တွင် ပုဂ္ဂလိကလုပ်ငန်းများ လုပ်ဆောင်နေမှုကြောင့် လမ်းသွားလမ်းလာများ အဆင်မပြေ ဖြစ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အများပိုင် လမ်းပေါ်တွင် ပုဂ္ဂလိကလုပ်ငန်းများ လုပ်ဆောင်နေမှုကြောင့် လမ်းသွားလမ်းလာများ အဆင်မပြေ ဖြစ်နေ


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းပေါ် တွင် ပုဂ္ဂလိကဈေးဆိုင်အချို့မှ စီးပွား ရေး လုပ်ငန်းများ လုပ်ကိုင်ခင်းကျင်း ရောင်းချနေမှုကြောင့် လမ်းသွားလမ်း လာများအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်နေရကြောင်း ဒေသခံများထံ က သိရသည်။
.

.
ပလက်ဖောင်းတွေမှာ ပစ္စည်းတွေ တင်ထားတော့ အသွားအလာ ခက်ခဲတယ်။ ဈေးနေ့ဆိုရင် ပျံကျ စျေးတွေ ခင်းတော့ အဲဒါတွေနဲ့ ရှုတ် နေတယ်။ ဖျက်ခိုင်းထားတာလည်း အတိအကျ မဖျက်ထားဘူး။ ဥအဒေအတိုင်း မှန်မှန်ကန်ကန် ဖြစ်စေချင် တယ်။ အဓိကက လမ်းသွား လမ်းလာ အဆင်ပြေချင်တယ်”ဟု တောင်ကြီး မြို့၊ ဟော်ကုန်းရပ်ကွက်နေ ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ယင်း ဆိုင်သို့ သွားရောက် ပြော ဆိုရာတွင်လည်း စည်ပင်သာယာရေး ဌာနသို့ အခွန် ဆောင်ထားသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့ အနောက်မြို့ပတ် လမ်းအပြင် မြို့မဈေးအနီးရှိ လမ်း များနှင့် အခြား ရပ်ကွက်တွင်း လမ်း များ တွင်လည်း ယင်းကဲ့သို့ ဈေးဆိုင် ခန်းများမှ လမ်းမြေပေါ်တွင် ခင်း ကျင်း ရောင်းချမှုများ ရှိနေပြီး လမ်း သွားလမ်းလာများအတွက် အခက် အ ခဲများဖြစ်ပေါ်နေရ ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာ ရေးဌာနမှ အမှုဆောင်အရာရှိ ဦးနေ လင်းက “တချို့ဆိုင်တွေက ကျူးနေ တာရှိတယ်။ အဲဒါတွေကို စာလိုက် ဖြန့်ထားတယ်။ စည်းကမ်းမ လိုက်နာ ဘူးဆိုရင် စည်ပင်ဥပဒေနဲ့အညီ အ ရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ပြော ဆိုခဲ့သည်။
.
တောင်ကြီးမြို့ရှိ အဓိက လမ်းမ ကြီး ၃ ခုဖြစ်သော ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ အရှေ့မြို့ပတ်လမ်း၊ အ နောက်မြို့ပတ်လမ်းများအနက် အ နောက်မြို့ပတ်လမ်းသည် ကုန်တင် ယာဉ်ကြီးများ၊ တွဲယာဉ်များ ဖြတ် သန်းမောင်းနှင်ရာ လမ်းဖြစ်ပြီး တစ် နှစ်ထက် တစ်နှစ် လူဦးရေ ထူထပ် များပြားလာခြင်းကြောင့် အိမ်စီးမော် တော်ယာဉ်များ၊ ဆိုင်ကယ်များနှင့် အမြဲပြည့်ကြပ်နေကာ လမ်းနယ်ပေါ် တွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်  နေခြင်းကြောင့် ယာဉ်ကြော ကြပ်တည်းမှုများ ဖြစ်ပေါ်နေသည်။
.

Journal Download

Photo of three cats