စုလှိုင်
.
တောင်ကြီးမြို့၊ ဘုရားဖြူရပ် ကွက်၊ နယ်မြေ (၁၁)၊ ဒေသ အခေါ်
ဆင်နှစ်ကောင် ဒေသတွင် ပိုင်ရှင်ရှိ မြေကွက်များအား ဦးဘမောင်နှင့် ဒေါ်တင်ရွှေတို့၏
စေခိုင်းချက်အရ တ ရုတ်လူမျိုး ဦးတင်ဝင်း ဦးဆောင်သော အဖွဲ့က ကျူးကျော် ဝင်ရောက်
ဖျက် ဆီးသည်ဟုဆိုကာ ရှမ်းပြည်နယ်ဝန် ကြီးချုပ်ထံ တင်ပြတိုင်ကြားထား ခြင်းမှာ
မှန်ကန်မှုမရှိကြောင်း မူလ မြေပိုင်ရှင်ဆိုသူ ဒေါ်တင်ရွှေက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
.
“သူတို့ရဲ့
တိုင်ချက်တွေက အား လုံးမှားယွင်းနေပါတယ်။ စာချုပ်က ဘယ်ရုံးမှာမှ မပြနိုင်ဘူး။ တရားဝင်
ဝယ်တဲ့ စာချုပ်လည်းမဟုတ်ဘူး။ ကိုယ့်သဘောနဲ့ကို အရောင်းအဝယ် လုပ်ထားတာပါ။
အကုန်ဖြုတ်ပြီးမှ စိတ်တိုလို့ ဘတ်ဟိုးနဲ့ ကုတ်တာပါ။ သူတို့ဘက်ကလည်း တရားစွဲတာစွဲ
လို့ မရဘူး။ အခု အမှု ရင်ဆိုင်နေရ တယ် ”ဟု ဒေါ်တင်ရွှေက ကမ္ဘောဇ တိုင်းသို့
ပြောသည်။
ဘုရားဖြူရပ်ကွက်၊ ဆင်နှစ် ကောင်ရှိ ပိုင်ရှင်ရှိ
မြေကွက်များ အ တွင်း ကျူးကျော် ဝင်ရောက်မှုနှင့် ပတ်သက်၍ မြေကွက်ပိုင်ရှင် ၉ ဦးမှ
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ရှမ်း ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်
ဝန်ကြီးချုပ်ထံ ပထမအကြိမ် လက် မှတ်ရေးထိုး တင်ပြတိုင်ကြားခဲ့သော် လည်း နစ်နာသော မြေကွက်ပိုင်ရှင်
များအား ခေါ်ယူတွေ့ဆုံ မေးမြန်း ခြင်း၊ နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေး
နွေးပေးခြင်း၊ ကွင်းဆင်းစစ်ဆေးပေး ခြင်း၊ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဘဲ ၂၀၂၀
ပြည့်နှစ်၊ ဇွန်လ ၄ ရက် က ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ခ ရိုင်/မြို့နယ်
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများ၌ စုံစမ်းမေးမြန်းရာတွင် မြို့နယ်
အထွေထွေအုပ်ချုပ်ရေး ဦး စီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင်
ခေါ်ယူဖြေရှင်းခဲ့ပြီး ဖြစ် သည်ဟု သိခဲ့ရပါကြောင်းနှင့် ယင်း ကဲ့သို့
ခေါ်ယူဖြေရှင်းပေးခြင်းကို မြေ ကွက်ပိုင်ရှင်များမှ သိရှိခြင်း မရှိပါ ကြောင်း၊
ယင်းကဲ့သို့ ကျူးကျော်ဝင် ရောက် ဖျက်ဆီးခြင်းများအား ဘုရား ဖြူ ရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံး နှင့် တောင်ကြီး နယ်မြေရဲစခန်းများသို့ အကြောင်းကြား
တင်ပြခဲ့သော်လည်း တားမြစ်မှု မရှိပါသဖြင့် လိုအပ်သလို အရေးယူဆောင်ရွက် ပေးပါရန်
ထပ် မံ တင်ပြ တိုင်ကြားထားခြင်း ဖြစ် ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့၊ ဘုရားဖြူ
ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခွန်ညွန့်မောင်က “သေချာ ကွင်းဆင်းစိစစ်ပြီးမှ ဘယ်
သူမှားတယ်၊ဘယ်သူမှန်တယ်၊ ဘယ် သူက ကျူးကျော် တယ်ဆိုတာ သိရ မှာပါ။ တစ်ဘက်ဘက်က နစ်နာ
သွားရင်လည်း မကောင်းပါဘူး” ဟု ကမ္ဘောဇတိုင်းသို့ ပြောဆိုထားသည်။
.