ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စတုတ္ထတစ်နှစ်တာ လူထုအတွက် ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲကို ဩဂုတ်လ ၁၇ ရက်တွင် ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စတုတ္ထတစ်နှစ်တာ လူထုအတွက် ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲကို ဩဂုတ်လ ၁၇ ရက်တွင် ပြုလုပ်မည်


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စတုတ္ထတစ်နှစ်တာ လူထုအတွက် လုပ်ငန်းဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲကို လာမည့် ဩဂုတ်လ ၁၇ ရက်၊ ညနေပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
.

.
အခမ်းအနားကတော့ ညနေ ၃ နာရီ စပါမယ်။ ဝန်ကြီးချုပ် အမှာစကား ပြောမယ်။ မီဒီယာတွေ မေးမြန်းခြင်းနဲ့ သက်ဆိုင်ရာ ဝန်ကြီးတွေက ပြန်လည်ဖြေကြားခြင်း အစီအစဉ် ပါပါမယ်။ ဝန်ကြီးအားလုံး၊ ဒေသဦးစီး ဥက္ကဋ္ဌအားလုံးနဲ့ တိုင်းရင်းသားဝန်ကြီးတွေ အားလုံးတက်မယ်။ မီဒီယာက ၂၇ ဖွဲ့ ဖိတ်ထားပါတယ်။ ဌာနဆိုင်ရာ ၂၃ ခု ပါပါမယ်။ မီဒီယာ က ၂၇ ဖွဲ့ ဆိုတော့ တစ်ဖွဲ့ကို မေးခွန်းမေးဖို့ ၅ မိနစ်လောက်တော့ အချိန်ရပါမယ်။ အစိုးရရဲ့ ပုံမှန်လုပ်ငန်းပါပဲ။ မီဒီယာ တွေက သိချင်တာရှိရင် မေးလို့ရပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်ကလည်း ရှမ်းပြည်နယ်အစိုး ရအဖွဲ့၏ တတိယ တစ်နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက်များ ရှင်းလင်းပွဲ အား တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာ သည့် သတင်း မီဒီယာဌာန တစ်ခု လျှင် မေးခွန်း ၃ ခုစီ မေးမြန်းခွင့် ပြုခဲ့ သည်။
.
၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် စတင်တာဝန်ယူခဲ့သော ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ သက်တမ်းသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်က ၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တစ်နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက်များကို နှစ်စဉ်ကျဉ်းပပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ဂယက် ကြောင့် ကျင်းပရန် နှောင့်နှေးကြန့်ကြာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
လက်ရှိ ဒုတိယအကြိမ် ရှမ်းပြည် နယ်အစိုးရအဖွဲ့တွင် ပြည်နယ်ဝန် ကြီးချုပ် အပါအဝင် ဝန်ကြီးဌာနအ လိုက်ဝန်ကြီး ၈ ဦး၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ၇ ဦး၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ် တို့မှ ပါဝင် ထမ်းဆောင်နေလျက် ရှိ သည်။
.

Journal Download

Photo of three cats