မင်းမင်း
.
တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်၊ စဝ်စံထွန်းဈေး တောင်ဘက်၊ ရွှေပြည်စိုးလမ်းထောင့်ရှိ မြေကွက်
အတွင်း ရပ်ကွက် စာကြည့်တိုက် ဆောက်လုပ်ရန်အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ
သံဇကာများ ကာရံထားမှုနှင့် ပတ်သက်၍ ဒေသခံ များမှ ဝေဖန်ပြောဆိုလျက်ရှိသည်။
.
.
“ညောင်ဖြူမှာ
အရင်ကတည်း က စာကြည့်တိုက်ရှိတယ်။ စာကြည့် တိုက်ဆောက်ဖို့ထက် တခြားဟာ လုပ်ဖို့ပဲ
ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ လမ်းတစ်ဘက်မှာ စဝ်စံထွန်းဈေး ရှိတယ်။
နယ်နိမိတ်ကျဉ်းပေမဲ့ လမ်း ဆုံလမ်းထောင့် ဆိုတော့ စီးပွားရေး တစ်ခုခု လုပ်ဖို့
နေရာကောင်း ဖြစ် နေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရပ် ကွက်သူ/သားတွေကို ပွင့်လင်းမြင်
သာအောင် အသိပေးချပြရမယ်။ အခု က ခြံခတ်ပြီး ဆိုင်းဘုတ်ချိတ်ထား လို့သာ
စာကြည့်တိုက်ဆောက်ဖို့ ဆို တာ သိရတယ်။ ကိုယ်ကျိုးစီးပွား အ တွက် အသုံးချမှာကို
စိုးရိမ်နေကြ တာပါ” ဟု တောင်ကြီးမြို့၊ ညောင်ဖြူ စခန်းရပ်ကွက်နေ ခွန်ဌေးအောင်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
ယင်း ညောင်ဖြူစခန်း ရပ်ကွက် စာကြည့်တိုက် ဆောက်လုပ်မည့် အ
စီအစဉ်နှင့် ပတ်သက်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများက ရပ်ကွက်နေ
ပြည်သူလူထုအား အသိ ပေးညှိနှိုင်းခြင်း မရှိသည့်အပြင် ပွင့်လင်းမြင်သာမှု
မရှိသဖြင့် ဒေသခံ များက ဝေဖန် ပြောဆိုနေကြခြင်းဖြစ် ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ညောင်ဖြူစခန်း ရပ်ကွက် အုပ်ချုပ်
ရေးမှူး ဦးခွန်ကျော်စမ်းအား ကမ္ဘော ဇတိုင်းမှ သွားရောက်တွေ့ဆုံ မေး မြန်းရာတွင်
“စာကြည့်တိုက်ဆောက် ဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့ဆီ က ခွင့်ပြုချက်ရဖို့
တင်ပြထားတုန်း ရှိသေးတယ်။ ခွင့်ပြု/မပြု အဖြေမ ထွက်သေးတော့ ပြောလို့မရသေး ဘူး”ဟု
ပြန်လည်ဖြေကြားခဲ့သည်။
.
ယင်း ရွှေပြည်စိုးလမ်းထောင့်ရှိ ပလပ်မြေအား
ညောင်ဖြူစခန်းရပ် ကွက် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိ သူများက ဇူလိုင်လအတွင်း
သံဇကာ များ ကာရံ၍ စာကြည့်တိုက် ဆောက် လုပ်ရန်
အသိပေးချိတ်ဆွဲထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ယင်းကဲ့သို့ သံဇကာ ကာရံမှုကြောင့် ယင်းမြေနေရာရှိ
ဈေး ဆိုင်ခန်းများ ရွှေ့ပြောင်းပေးခဲ့ရပြီး ယင်း နေရာသည် လမ်းဆုံလမ်း ထောင့်
ဖြစ်သည့်အတွက် ယာဉ်ကြော ကြပ်တည်း ပိတ်ဆို့မှုများ ဖြစ်လာနိုင် ကြောင်း
ဒေသခံများထံက သိရသည်။
.