မင်းမင်း
.
တောင်ကြီးမြို့၊ စဝ်စံထွန်းဈေး (အောက်ဈေး)ကို အဆင့်မြင့်
ဈေးအ ဖြစ် တည်ဆောက်မည့်ကိစ္စနှင့် ပတ် သက်၍ ယင်းဈေးအတွင်းရှိ ဈေးဆိုင်
ခန်းပိုင်ရှင်များနှင့် ပျံကျဈေးသည် များ၊ ဈေးသူ/သားများမှ သဘော မ တူဘဲ
ကန့်ကွက်မှု များရှိနေကြောင်း သိရသည်။
.
.
“အဆင့်မြင့်ဈေး
ဆောက်မယ် လို့ပဲ ကြားနေရတယ်။ ဈေးမိဈေးဖ တွေ၊ ဈေးတာဝန်ရှိသူတွေ၊ ဈေးသူ/ သားတွေကို
ခေါ်ပြီး ညှိနှိုင်းအသိပေး တာတွေ၊ ချပြတာတွေ မရှိဘူး။ ကူး စက်ရောဂါဖြစ်နေတဲ့
ကာလဖြစ်တဲ့ အပြင် အစိုးရအကူး အပြောင်းကာလ ဖြစ်နေတော့ ပြည်သူလူထုက စီးပွား ရေး
ကြပ်တည်းနေလို့ လတ်တလော မှာ ဆောက်ဖို့ မဖြစ်နိုင်ဘူး။ စီးပွား ရေးလုပ်ငန်းတွေ
ပုံမှန် ပြန်လည် ပတ်နိုင်ပြီ ဆိုတဲ့အချိန်မှ အဆင့်မြင့် ဈေးဆောက်တာက ပို သင့်တော်
မယ်ထင်လို့ ဈေးသူ/သားတွေက သ ဘောမတူတာပါ” ဟု စဝ်စံထွန်းဈေးမှ ဈေးဆိုင်ခန်းရှင်
တစ်ဦးဖြစ်သူ ဦးညီ ညီနိုင်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
စဝ်စံထွန်းဈေးအား လုံမောကုမ္ပ ဏီမှ အဆင့်မြင့်ဈေး အဖြစ်
တာဝန် ယူ ဆောက်လုပ်သွားမည် ဖြစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိ သူများ၊
စည်ပင်သာယာရေး ဌာန တာဝန်ရှိသူများ၊ ဈေးကော်မတီ အ ဖွဲ့ဝင်များနှင့်
ဈေးသူ/ဈေးသားများ ဩဂုတ်လ ၁၈ ရက်က တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စဝ်စံထွန်းဈေး တာဝန်ခံ ဦးကျော်
သက်နိုင်အား ကမ္ဘောဇတိုင်းမှ မေး မြန်းရာတွင် “အခုလတ်တလောမှာ ဈေးသူ/ဈေးသားတွေ ဘက်က
သ ဘောတူတယ်၊ မတူဘူးဆိုတာသေချာ မပြောနိုင်သေးဘူး။ လုံမော ဆောက် လုပ်ရေးက Smart City Mart ဆောက်မယ်ဆိုတာပဲ
သိထားသေး တယ်။ ကျန်တာဘယ်သူမှ ညွှန် ကြားထားတာ မရှိဘူး။ ဈေးမိဈေး ဖနဲ့
ဆိုင်ခန်းရှင်တွေ၊ ဈေးသည်တွေ ကို အသိပေးချပြခိုင်း တာလည်း မရှိ သေးဘူး”ဟု
ပြန်လည်ဖြေ ကြားခဲ့ သည်။
.
ဈေးသူ/သားများ အနေဖြင့် စဝ်စံ ထွန်းဈေးအား
အဆင့်မြင့်ဈေးအဖြစ် တည်ဆောက်ရာတွင် ၆ ထပ် အ ဆောက်အဦအဖြစ် ဆောက်လုပ်မည် ဟုသာ
သိရှိထားသော်လည်း အဆင့် မြင့်ဈေး ဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍
ပွင့်လင်းမြင်သာမှု မရှိ ကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရ အနေဖြင့် ပြည်သူလူထု၏
သဘော ဆန္ဒကို အလေးထားလုပ်ဆောင် ပေး စေလိုကြောင်း သိရသည်။
.
စဝ်စံထွန်းဈေးအတွင်း ဈေးရုံ ၄ ရုံ၊ ဈေးဆိုင်ခန်းပေါင်း ၈၃၂
ခန်း ရှိပြီး ပျံကျဈေးသည် ၃၀၀ ခန့်ရှိကြောင်း သိရသည်။
.