မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နှင့်ကျောက်တလုံးကြီးမြို့ကြားတွင်
လယ်ယာမြေများအား မြေကွက်ရိုက်၍ အရောင်းအဝယ် ပြုလုပ်နေခြင်းမှာ တရားမဝင်သည့် အတွက်
ပြည်သူများအနေဖြင့် ရောင်း မှား ဝယ်မှား မဖြစ်ရန် သတိပြုသင့် သည်ဟု
ရှမ်းပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီး ဌာနထံမှ သိရှိရသည်။
.
.
"လယ်ယာမြေတွေကို
ကိုယ့် သဘောနဲ့ကိုယ် အကွက်ရိုက် ရောင်း ချ နေတာတွေက တရားဝင် မဟုတ် ပါဘူး။လယ်ယာမြေ
ဥပဒေအရ ခွင့် ပြုချက် မရှိဘဲ အခြားနည်းနဲ့အသုံးပြုလို့မရပါဘူး။"ဟု
ရှမ်းပြည်နယ် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်း ဦးစီးဌာန ညွှန်ကြားရေးမှူး
ဦး ဆန်းဝင်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
တောင်ကြီးမြို့နှင့်ကျောက်တ လုံးကြီး မြို့ကြားရှိ လယ်ယာမြေ
များကို တောင်သူများက မြေ အ ကျိုးဆောင်(ပွဲစား) များထံသို့ ပြန် လည် ရောင်းချပြီးနောက် ယင်းပွဲစား များက
မြေကွက်များ ဖော်ဆောင်၍ ပြည်သူများသို့ ပြန်လည် ရောင်းချနေ ခြင်း ဖြစ်သည်။
.
"အကြံပြုချင်တာကတော့
သက် ဆိုင်ရာရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေက ကိုယ့်ဒေသ မှာ မြို့ပြ
ဧရိယာ၊ ကျေးရွာဧရိယာ တိုးချဲ့ဖို့အတွက် မြို့ပြအိမ်ယာစီမံ ကိန်း လုပ်ဆောင်မယ်
ဆိုပြီး ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဆီကို ခွင့်ပြု ချက် တောင်းခံရပါမယ်။ တစ်ကယ်
လိုအပ်တယ်ဆိုရင် အစိုးရ အဖွဲ့က နေ သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့တွေကို
စီစစ်ခိုင်းပြီး စီမံချက်နဲ့ သွားရမှာပါ။ အဓိက အဲ့ဒါ လေးကို သိစေချင်တာပါ"ဟု
ညွှန် ကြားရေးမှူး ဦးဆန်းဝင်းက ဆက် လက် ပြောဆိုသည်။
.
မြေကွက်များကို တစ်ကွက်လျှင် ငွေကျပ် ၅ သိန်းမှ သိန်း ၅၀
ဖြင့် နေ ရာအပေါ် မူတည်၍ ရောင်းချနေ လျက် ရှိကြောင်း သိရသည်။
.
"တောင်သူတွေက
စိုက်ပျိုးရေး သိပ် မဖြစ်ကြတော့ မြေကွက် ဝယ်တဲ့ သူတွေကလည်း ဝယ်ကြတယ်၊ ပြီး တော့
မြေကွက်ရိုက် ပြန်ရောင်းနေကြ တာ။ တရားဝင်တာ မဝင်တာထက် မြေပိုင် ဖြစ်ချင်တာရယ်၊
ပြန်ရောင်း လို့ အမြတ်ငွေ ရလိုမှုရယ်ပေါ့၊ အဲဒါ ကြောင့် ဝယ်ကြတာ
များပါတယ်။"ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ လယ်ယာမြေပေါ်မှ မြေကွက်များအား ဝယ်ယူထားသူမှာ
အနည်းဆုံး ဦးရေ ၂၀၀၀၀ ဝန်းကျင် ခန့်ထိ ရှိနေသဖြင့် အစိုးရနှင့် သက် ဆိုင်ရာတို့က
ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် ထိန်းသိမ်းကြပ် မတ်ရန် အရေးပေါ်
လိုအပ်နေလျက် ရှိကြောင်းလည်း သိရသည်။
.
အဆိုပါ လယ်ယာမြေများပေါ်၌ ဖော်ဆောင်ထားသည့် မြေကွက်များ ကို
အခမဲ့ ကံစမ်းမဲ ဖောက်ပေး ခြင်းနှင့် မြေကွက် ဝယ်ယူမှု အပေါ် မူတည်၍ မြေကွက် လက်ဆောင်
ပေးခြင်းတို့အား ဆောင်ရွက်နေ လျက် ရှိပြီး ယင်းကဲ့သို့ ဆောင်ရွက် နေခြင်းမှာ
တရားမဝင် ပြုလုပ်နေ ခြင်းသာ ဖြစ်ကြောင်း သိရသည်။
.
ပြည်ထောင်စုလွှတ်တော်က ၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်တွင်
ပြဌာန်းထားသည့် လယ်ယာမြေ ဥပ ဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဆ)တွင် လယ် ယာမြေကို ခွင့်ပြုမိန့်
မရရှိဘဲ အခြား နည်း သုံးစွဲခွင့် မပြုရဟု ပါရှိပြီး လိုက် နာရန် ပျက်ကွက်ပါက
သတ်မှတ် ထားသည့် ဒဏ်ကြေးငွေ ပေးဆောင် စေခြင်း၊ သတ်မှတ်ထားသည့် နည်း လမ်းအတိုင်း
လယ်ယာမြေကို ဆောင် ရွက်စေခြင်း၊ လယ်ယာမြေများပေါ်မှ နှင်ထုတ်ထိုက်သူများကို
နှင်ထုတ် ခြင်း၊ လယ်ယာမြေပေါ်တွင် ခွင့်ပြု ချက် မရှိဘဲ ဆောက်လုပ်ထားသော
အဆောက်အအုံများအား ဖယ်ရှား ခြင်း ခံရမည် ဖြစ်ကြောင်း သိရသည်။
.