တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း အပိုင်း (၂) အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အဆင့် မမီကြောင်း ဒေသခံများ ဝေဖန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, August 18, 2020

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း အပိုင်း (၂) အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အဆင့် မမီကြောင်း ဒေသခံများ ဝေဖန်


စုလှိုင်
.
တောင်ကြီးမြို့၊ အနောက်မြို့ ပတ်လမ်း အဆင့်မြှင့်တင်မှု စီမံကိန်း ၏ အပိုင်း (၂) လုပ်ငန်းဖြစ်သော နဂါး ပွက် လမ်းဆုံမှ ဝါးပြားလမ်းဆုံအထိ လမ်းပိုင်းအား ဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီခြင်း မရှိ ကြောင်း ဒေသခံများမှ ဝေဖန်ပြော ဆိုလျက်ရှိသည်ဟု သိရသည်။
.

.
လက်ရှိ ခင်းသွားတဲ့အပိုင်းက အပိုင်း (၁) လောက်ကို အဆင့်မ မီဘူး။ လမ်းသားတွေက တော်တော် ညံ့တယ်။ လမ်းချဲ့တာနဲ့ ပတ်သက်ပြီး ရတဲ့နေရာကို အဆင်ပြေသလို လုပ် သွားတယ်။ အရင် အပိုင်း (၁) လုပ် သွားတဲ့ ကုမ္ပဏီက ခင်းထားတာ တော်တော်လေးကို အဆင်ပြေသ လောက်ဖြစ်တယ်။ အခု လက်ရှိ ကုမ္ပ ဏီက ဆောင်ရွက်တဲ့ လမ်းပိုင်းက တော့လုံးဝကို အဆင့်မမီဘူး။ သက် ဆိုင်ရာတွေကလည်း ကြီးကြပ်မှုအား နည်းတယ်လို့ မြင်မိတယ်” ဟု တောင် ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
.
ထို့အပြင် ယင်းကဲ့သို့ လမ်းအ ဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက် ရာတွင် အပိုင်းအလိုက်ပြီးပြတ်အောင် ဆောင်ရွက်မှု မရှိခြင်း၊ လမ်းလွှဲများ စနစ်တကျ မဆောင်ရွက်ခြင်း တို့ ကြောင့် ကုန်တင်ယာဉ်ကြီးများ၊ တွဲ ယာဉ်များ ဖြတ်သန်း သွားလာချိန် တွင် ယာဉ်ကြောပိတ် ဆို့မှုများလည်း မကြာခဏ ဖြစ်ပေါ်နေရသည်ဟု သိ ရသည်။
.
လုပ်တာကတော့ အားနည်း ချက်တွေ အများကြီးရှိပါတယ်။ န ဂါးပွက် မီးပွိုင့်ကနေ မီးသွေးတန်း လမ်းထိပ်အထိ လမ်းမြေနဲ့ မလွတ် တဲ့ မြေနေရာတွေ အများကြီး ရှိ တယ်။ အဲဒါတွေကို တိတိကျကျမှန် မှန်ကန်ကန် မဆောင်ရွက်ဘူး။ လမ်း နယ်နိမိတ်နဲ့ မလွတ်တဲ့ဟာတွေကို မဖယ်ရှားဘဲ ဒီအတိုင်း ခင်းနေတာ။ ရေရှည်ကို ကြည့်ရမှာပါ။ လူဦး ရေလည်း များလာပြီ။ ကား အသွားအ လာ များလာမယ်၊ ဖွံ့ဖြိုးတိုး တက်လာ တာနဲ့အမျှ တကယ်တမ်းပြောရရင် ကျဉ်းတောင်ကျဉ်း သေးတယ်။ စည် ပင်ဝန်ကြီးတို့က ကြပ်ကြပ်မတ်မတ် လုပ်ပေး စေချင်တယ်။ ပြည်နယ်ရဲ့ မြို့တော်လည်း ဖြစ်နေတယ်”ဟု တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်နေ ဦးဆန်းဝင်းထွန်းက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
တောင်ကြီးမြို့၊ အနောက်မြို့ ပတ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ် ငန်းကို ဘဏ္ဍာရေးနှစ်အလိုက် အပိုင်း ၃ ပိုင်း ခွဲ၍ ဆောင်ရွက်နေခြင်း ဖြစ် ပြီး ယခု ဆောင်ရွက်နေသော အပိုင်း (၂) ဖြစ်သည့် နဂါးပွက်လမ်းဆုံမှ ဝါး ပြားလမ်းဆုံအထိ လမ်းအရှည် ၁ ဒသမ ၈ မိုင် ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ် ခွင့်ပြုရန်ပုံငွေဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About