ဒိတ်ဒိတ်ကြဲတွေ တွေ့ကြမယ့် တောင်ကြီးမဲဆန္ဒနယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒိတ်ဒိတ်ကြဲတွေ တွေ့ကြမယ့် တောင်ကြီးမဲဆန္ဒနယ်


ကိုစိုး (ကမ္ဘောဇတိုင်း)
.
၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမည့် ရက်ကား တဖြည်းဖြည်း နီးကပ်လာသည်နှင့် အမျှ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်း များကလည်း ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လာကြသည်။
.

.
ပါဝင် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေး ပါတီများ အနေဖြင့် နိုင်ငံရေး သက်လုံ၊ စည်းရုံးရေး သက် လုံ၊ ညီညွတ်ရေးသက်လုံ အဘက်ဘက်မှ ပြည့်စုံနိုင်မှသာ ပန်း တိုင်ကို အရောက် လှမ်းနိုင်မည် ဖြစ်သည်။
.
လက်ရှိအာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ၎င်းတို့ ပါတီမှ ကိုယ် စားလှယ်လောင်း စာရင်းများကို ဇူလိုင်လ ၂၃ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။
.
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ၎င်း၏ မူဝါဒ အ တိုင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲဆန္ဒနယ် အားလုံးနီးပါး တွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်သည်။ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ကြေညာချက်အ ရ တစ်နိုင်ငံလုံးတွင် ၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ် ၁၁၈၇ ခု ရှိသည့်အနက် NLD အနေဖြင့် မဲဆန္ဒနယ် ၁၁၀၀ ကျော်တွင် ပါဝင် ယှဉ်ပြိုင်သွား မည်ဟု သိရသည်။
.
NLD အနေဖြင့် အစိုးရ ဖွဲ့စည်းနိုင်ရေး ရည်မှန်းချက်ဖြင့် မဲ ဆန္ဒနယ် အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်ရေးမူကို ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကာလကတည်းက ကျင်းသုံးခဲ့သလို လက်ရှိ ရွေးကောက်ပွဲတွင်လည်း ကျင့်သုံးနေဆဲ ဖြစ်သည်။
.
NLD သည် အထူးဒေသ (၁) ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသမှ ၂ မြို့နယ်၊ အထူးဒေသ (၂) “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းမှ ၅ မြို့နယ်၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံ မြို့နယ်နှင့် အထူးဒေသ(၄) မိုင်းလားမြို့နယ် များမှအပ ရှမ်းပြည် နယ် အတွင်းရှိ ကျန်မြို့နယ်များတွင် မဲဆန္ဒနယ် အားလုံး၌ ပါဝင် အရွေးချယ်ခံ ယှဉ်ပြိုင်သွားမည် ဖြစ်သည်ဟု သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် တိုင်းရင်းသား ပါတီတစ်ခုဖြစ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ကလည်း ၎င်းတို့ပါတီမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ စာရင်းကို ဇူလိုင်လ ၂၆ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
.
ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO)ကမူ ရှမ်းပြည်နယ်အ တွင်းရှိ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၃ မြို့နယ်အပြင် ရှမ်း ပြည်နယ် အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာဒေသ များ၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီးရှိ မဲဆန္ဒနယ် အချို့တို့တွင် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၅ နေရာ ဝင်ရောက် အရွေးချယ်ခံ ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ် ကြောင်း သိရသည်။
.
PNO အနေဖြင့် ထူးခြားချက် တစ်ရပ်မှာ ၂၀၁၀ နှင့် ၂၀၁၅ ရွေး ကောက်ပွဲ ကာလများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိသည့် တောင်ကြီးမြို့နယ်၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နေရာများတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်း ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။
.
ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများတွင် ပါတီချင်း မိတ်ဘက်ပုံစံအရ PNO အနေဖြင့် တောင်ကြီးမြို့နယ် အတွင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်နေရာ များ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိသလို ပြည်ခိုင်ဖြိုး အနေဖြင့် လည်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့နယ်များ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နေရာများတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ချေ။ တောင်ကြီးတွင် ပါဝင်ယှဉ်ပြိုင်မှု အခြေ အနေနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်း ရေးမှူးချုပ် ဦးခွန်သိန်းဖေက လူထုဆန္ဒအရ ဝင်ရောက်ယှဉ်ပြိုင် ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။
.
PNO အနေဖြင့် ပြည်ခိုင်ဖြိုးနှင့် လက်တွဲဖြုတ်၍ ယင်း မဲဆန္ဒ နယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်းက တောင်ကြီးမြို့နယ် အ တွင်းရှိ မဲဆန္ဒနယ်များ၏ မဲရလဒ်ကို တစ်စုံတစ်ရာ အပြောင်းအ လဲ ဖြစ်ပေါ်စေလိမ့်မည်ဟု သုံးသပ်မိပါသည်။ ၂၀၁၅ ရွေးကောက် ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော် တောင်ကြီးမြို့နယ် မဲဆန္ဒနယ် မြေ ၂ ခုလုံး၌ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိထားခြင်း ဖြစ်သည်။
.
ထိုသို့ ဝင်ရောက် ယှဉ်ပြိုင်ရာတွင်လည်း ရှမ်းပြည်နယ်လွှတ် တော် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)တွင် PNO နာယ က ဦးအောင်ခမ်းထီ၏ သမီး ဒေါ်နန်းရီရီဝင်းကို ဝင်ရောက် ယှဉ် ပြိုင်စေသည်ကို တွေ့ရသည်။ ယင်း မဲဆန္ဒနယ်တွင် ဒေါ်နန်းရီရီ ဝင်း အနေဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လက်ရှိ တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာ ဒေါ်သန်းငွေနှင့် ထိပ်တိုက် ရင်ဆိုင် တွေ့ဆုံ ယှဉ်ပြိုင်သွားရ မည် ဖြစ်သည်။
.
ဒေါက်တာ ဒေါ်သန်းငွေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ရှမ်းပြည်နယ် အမာခံတစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ် ကြား ဖြတ် ရွေးကောက်ပွဲ ကာလက ကလောမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပြီး နောက် ၂၀၁၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အ ဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရသူ တစ်ဦး ဖြစ်သည်။
.
၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲက ဒေါက်တာ ဒေါ်သန်းငွေသည် တောင်ကြီးမြို့နယ် ပြည်သူ့ လွှတ်တော် မဲ ဆန္ဒနယ် အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းဇော်ဇော်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါ တီမှ ဦးစိုင်းလင်းမြတ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုရက်တစ်ပါတီမှ ဒေါက်တာနန်းအေးဆွေ၊ ဓနု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေ စီပါတီမှ ဦးဗိုလ်မင်းထူး၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီမှ ဦး ခွန်ဝင်းကို တို့နှင့် ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီမှ ကိုယ်စားလှယ်လောင်း ဦးခွန် ဝင်းကိုအား ဆန္ဒမဲ ၆၃၀ အသာဖြင့်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
.
လက်ရှိ ၎င်းနှင့် ရင်ဆိုင်ရမည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီမှ ဒေါ်နန်းရီရီဝင်းမှာလည်း ဒေသတွင်း ပအိုဝ်းတိုင်းရင်းသား များအကြား ဩဇာကိတ္တမ ကြီးမားသော နာယကကြီး ဦးအောင် ခမ်းထီ၏ သမီး ဖြစ်နေသည့်အတွက် ပွဲကြပ်တစ်ခု မလွဲမသွေ ဖြစ်လာမည်ဟု သုံးသပ်မိပါသည်။
.
သို့သော် ယခုလက်ရှိအချိန်အထိ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် တောင်ကြီးမြို့နယ် အတွင်းရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီအချို့မှ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ထုတ်ပြန်ခြင်း မရှိသေးသည့်အတွက် အခြေအနေကို သုံးသပ်ရန် စောသေးသော်လည်း ယှဉ်ပြိုင်မှု ပြင်းထန်မည့် မဲဆန္ဒနယ် တစ်ခု ဖြစ်မည်ဟု ကြိုတင် သုံးသပ်နိုင်ပါသည်။
.
နောက်ဆုံးရရှိထားသော သတင်းများအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တောင်ကြီးမြိုန့ယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် လက်ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) နေရာအတွက် ဦးစိုင်းဇော်ဇော်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) နေရာအတွက် ဦးခွန်သူရအောင်၊ တောင်ကြီးမြို့နယ် အပါအဝင် ဖြစ်သော အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၄) နေရာအတွက် ဦးခွန်မောင်ဘော်တို့ ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံသွားမည်ဟု သိရပါသည်။
.
တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် လက်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန် ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သလို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှလည်း ယင်းနေရာ အ တွက် လူငယ်မျိုးဆက်သစ် တစ်ဦးဖြစ်သူ ခွန်ကြည်ကို ရွေးချယ် ထားသည်။
.
ရှမ်းပြည်နယ်လွှတ်တော် တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ် နေရာအတွက် လက်ရှိ ရှမ်းပြည်နယ်အ စိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့် လွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး PNO မှ ယင်းနေရာအတွက် ခွန်ထွန်းရွှေက ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
.
ထို့အပြင် တောင်ကြီးမြို့နယ် အပါအဝင်ဖြစ်သော အမျိုးသား လွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၄) လွှတ်တော်ကိုယ် စားလှယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဦးအောင်ကိုကို ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ပြီး ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO)ကမူ ယင်း နေရာ အတွက် စောခွန်ကျော်ဝင်းက ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်သည်။
.
ပါဝင် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေး ပါတီများ အနေဖြင့် နိုင်ငံရေး သက်လုံ၊ စည်းရုံးရေး သက် လုံ၊ ညီညွတ်ရေးသက်လုံ အဘက်ဘက်မှ ပြည့်စုံနိုင်မှသာ ပန်း တိုင်ကို အရောက် လှမ်းနိုင်မည် ဖြစ်သည်။
.
ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသ အတွင်းရှိ ဌာနေ တိုင်းရင်းသား ပါတီများဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ် စသည့် တိုင်းရင်းသားပါတီများ၊ ပြည်မအခြေစိုက် နိုင်ငံရေး ပါတီကြီးများလည်း တောင်ကြီး မြို့နယ် အ တွင်းရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်သွားဖွယ် ရှိနေသည်။
.
၂၀၂၀ သည် မဲဆန္ဒရှင် ပြည်သူတို့အတွက် ရွေးချယ်စရာ အခွင့်အလမ်းများသလို ရွေးချယ်ရ ခက်ခဲစေမည်လည်း ဖြစ်သည်။ ပါတီကို ကြည့်သည်ဖြစ်စေ၊ လူကိုကြည့်သည်ဖြစ်စေ အဓိကရည် ရွယ်ချက်မှာ ဒေသအကျိုးကို အမှန်တကယ် သယ်ပိုးထမ်းရွက် နိုင်မည့် လွှတ်တော် ကိုယ်စားလှယ်ကို ရွေးချယ်နိုင်ရေး၊ ပြည်သူ လူထုအတွက် ပြည်သူ့ဘက်မှ မားမားမတ်မတ်ရပ်တည် ပေးနိုင် မည့် အမတ်များကို ရွေးချယ်ပေးနိုင်ရေး ဖြစ်သည်။
.
မကြာသေးမီ ရက်ပိုင်း အတွင်းကပင် ရှမ်းပြည်နယ်လွှတ် တော်၌ အဆို တင်သွင်းဖူးခြင်း မရှိသည့် လွှတ်တော်ကိုယ်စား လှယ် ၁၀၀ ကျော် ရှိနေကြောင်း သတင်းမီဒီယာများတွင် ဖော်ပြ လာကြသည်။ ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော်တွင်တက် ရောက်ခွင့်ရှိသော လွှတ်တော်ကိုယ်စားလှယ် ၁၃၉ ဦး ရှိသည့် အနက် ၁၀၀ ကျော်က အဆို တင်သွင်းဖူးခြင်း မရှိဟု ဆိုရာ ကိုယ် စားလှယ် ၃၀ ကျော်ခန့်သာ ပြည်သူအတွက် အလုပ် လုပ်သည် ဟု သုံးသပ်မိပါသည်။ ယင်းကဲ့သို့ ပြည်သူ့အတွက် အလုပ် မလုပ် သည့် ကိုယ်စားလှယ်များကိုလည်း ရှောင်ရှားနိုင်ရန် လိုပါသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သက်တမ်းအတွင်း ပုံမှန် အစည်းအဝေး ၁၉ ကြိမ်၊ အရေးပေါ်အစည်း အဝေး ၃ ကြိမ်၊ အထူးအစည်းအဝေး ၂ ကြိမ်၊ စုစုပေါင်း လွှတ်တော်အစည်းအဝေး ၂၄ ကြိမ်အထိ ကျင်းပနိုင်ခဲ့ပြီးဖြစ်ရာ အဆို ၆၃ ခု တင်သွင်းခြင်း၊ ကြယ်ပွင့်ပြမေးခွန်း ၁၀၆၀ ခု မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည် နယ်အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များက လွှတ်တော်တွင်ဖြေ ကြားခြင်း၊ ကြယ်ပွင့် မပြမေးခွန်း ၇၇၆ ခု မေးမြန်း ဖြေကြားခြင်း တို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သည်ဟု ရှမ်းပြည်နယ် လွှတ်တော် ရုံး၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။
.
သို့သော် ယင်း လွှတ်တော် အစည်းအဝေးများ ကျင်းပချိန် တိုင်းတွင် ပြည်သူလူထုအတွက် မကြာခဏ မေးခွန်း မေးမြန်း သူမှာ လက်ချိုး ရေတွက်၍ပင် ရနိုင်သည်။ မေးခွန်း လုံးဝ မမေးမြန်း ဖူးသည့် လွှတ်တော်ကိုယ်စားလှယ်ပင် ရှိနေမည် လော မသိရှိနိုင်ချေ။ အမတ် လစာ ထိုင်စားပြီး မဲဆန္ဒရှင် ပြည်သူအတွက်၊ ဒေသ အတွက်၊ နိုင်ငံအတွက် အကျိုးမပြုနိုင် သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို အရွေး မမှား ကြရန်လည်း လိုပါသည်။
.
NLD ပါတီ၏ ကိုယ်စားလှယ်လောင်း အမည်စာရင်း ထုတ်ပြန် ကြေညာချက်များအရ လက်ရှိ ရှမ်းပြည်နယ် ဝန် ကြီးချုပ် အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် NLD ပါတီ မှ ဝန်ကြီး အားလုံး လာမည့် ရွေးကောက်ပွဲတွင် ပြန်လည် ယှဉ်ပြိုင်ကြမည် ဖြစ်သလို ပြည်ခိုင်ဖြိုးပါတီဝင် ပြည်နယ်ဝန်ကြီးများလည်း ရွေးကောက်ပွဲ ပြန်လည် ဝင်ရောက်ဖွယ် ရှိနေကြောင်း သိရ သည်။ ယင်း မဲဆန္ဒနယ်များတွင် ပြိုင်ဘက် ပါတီ များကလည်း ပိုမို အားထည့်၍ ဒိတ်ဒိတ်ကြဲ ပုဂ္ဂိုလ်များကို ထုတ် သုံးလာမည်မှာလည်း မလွဲချေ။
.
၂၀၁၅ ရွေးကောက်ပွဲရလဒ်များကို သုံးသပ်ပါက ရှမ်းပြည် နယ်သည် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် မ တူသည့် အချက်တစ်ခုမှာ လွှတ်တော်ကိုယ်စားလှယ်နေရာများ ကို တစ်ပါတီတည်းက ကြီးစိုးခြင်း မဟုတ်ဘဲ ပါတီကြီး ၃ ခုက မတိမ်းမယိမ်း ရယူထားခြင်း ဖြစ်သည့်အပြင် ယင်း အနိုင်ရ လွှတ် တော် ကိုယ်စားလှယ်များ၏ ဆန္ဒမဲ ရရှိမှုမှာလည်း မဲအပြတ် အ သတ် ကွာခြားချက် သိပ်မရှိခြင်း ဖြစ်သည်။ သို့ဖြစ်လေရာ ရှမ်း ပြည်နယ် အတွင်းရှိ မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲ အခြေအ နေသည် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မဲဆန္ဒနယ် များ၏ အခြေအနေထက် ပိုမို စိတ်ဝင်စားဖွယ် ကောင်းလှသည်။
.
အထူးသဖြင့် ပြည်နယ် အစိုးရ ရုံးစိုက်ရာ မြို့တော်တောင် ကြီး ရှိ မဲဆန္ဒနယ်များတွင် ထိပ်တိုက်တွေ့ဆုံကြမည့် ဒိတ်ဒိတ် ကြဲများ၏ ရွေးကောက်ပွဲ အားပြိုင်မှုမှာ ငွေရောင် ပိတ်ကားပေါ် တွင် ဆက်လက် စောင့်မျှော်ရှုစား ရမည်သာ ဖြစ်ပါတော့သည်။  
.


Journal Download

Photo of three cats