တောင်ကြီးမြို့ပေါ်တွင် အမှိုက်စွန့်ပစ်ရန် နေရာ အခက်အခဲကြောင့် စည်းကမ်းမဲ့ စွန့်ပစ်မှုများ ရှိနေပြီး အနံ့ဆိုးများ ထွက်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်တွင် အမှိုက်စွန့်ပစ်ရန် နေရာ အခက်အခဲကြောင့် စည်းကမ်းမဲ့ စွန့်ပစ်မှုများ ရှိနေပြီး အနံ့ဆိုးများ ထွက်ပေါ်နေ


မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် အမှိုက်စွန့်ပစ်ရန် သတ်မှတ် ပေးထားသည့် နေရာ နည်းပါးလာသဖြင့် အမှိုက်စွန့်ပစ်ရန် နေရာအခက် အခဲကြောင့် စည်းကမ်းမဲ့ အမှိုက်စွန့် ပစ်မှုများ များပြားလာနေပြီး ယင်း အမှိုက်ပုံများမှ ထွက်ရှိသည့် အနံ့အ သက်ဆိုးများဖြစ် ပေါ်နေသဖြင့် ကျန်း မာရေး ထိခိုက်မှုများ ရှိလာမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။
.

.
အခုလက်ရှိ အမှိုက်ပစ်ဖို့ သတ်မှတ်ပေးထားတာက ဒီ(ကုန်သည် လမ်း) နေရာတစ်ခုပဲရှိတယ်။ နောက် အဲဒီနားမှာ ယာယီဈေးလည်းရှိနေ တော့ ဈေးသည်တွေဆီက ထွက်တဲ့ အမှိုက်တွေပါ ပါတော့အမှိုက်ပုံက လူမြင် မကောင်းအောင် ဖြစ်လာ တယ်။ အနံ့အသက်ဆိုးတွေထွက်လာ တယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သွားပြောလည်း ဘာမှထူးမလာဘူး။ စည်ပင်က ညနေ ပုံမှန်အမှိုက် သိမ်း တာကလည်း ဝတ်ကျေတန်းကျေ ပုံ စံမျိုး ဖြစ်နေတယ်။ အမှိုက်ပစ်ဖို့နေ ရာအတည်တကျ ပြန်မသတ်မှတ်ပေး သရွေ့ စည်းကမ်းမဲ့ အမှိုက်ပစ်တဲ့သူ တွေက ရှိနေဦးမှာပဲ။ အဲဒီ အနံ့အ သက် ဆိုးတွေကြောင့် ကျွန်တော်တို့ ဒေသခံတွေ ကျန်းမာရေး ထိခိုက်မှာ ကို စိုးရိမ်နေရပါတယ်”ဟု တောင်ကြီး မြို့နေ ကိုထက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြို့တော်တောင်ကြီးတွင် အိမ် သုံးအမှိုက်နှင့် လုပ်ငန်းသုံး အမှိုက် များ စွန့်ပစ်ရန် အမှိုက်ပုံများ၊ အ မှိုက်စွန့်ပစ်ရန် နေရာများ သတ်မှတ် ပေးထားခြင်းမရှိသည့်အတွက် မြို့ ပေါ်ရှိ လူအသွားအလာ နည်းပါးသည့် နေရာများတွင် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်သူ များပြားလာနေ ခြင်းဖြစ် ပြီး သတ်မှတ်ပေးထားသော အမှိုက် ကန်များတွင် စွန့်ပစ်အမှိုက်များ အပြင် အိမ်မွေးတိရစ္ဆာန် အသေကောင် များ လာရောက်စွန့်ပစ်မှုများလည်း ရှိနေသဖြင့် အနံ့အသက်ဆိုးများ ထွက်ပေါ် နေရခြင်းဖြစ်ကြောင်း သိရ သည်။
.
နဂါးရေထွက်နားက အမှိုက်ပုံ ကလည်း အမှိုက်မပစ်ရ ဆိုင်းဘုတ် ကပ်ထားတယ်။ ရပ်ကွက်ထဲ အမှိုက် သိမ်းတာကလည်း လကုန်လို့ အခွန် ကောက်ခါနီးမှ လာတယ်။ အမှိုက် ခွန်ကျတော့ ပေးရတယ်။ အမှိုက်ကျ တော့ လာမသိမ်းဘူး။ ကိုယ့်ဘာ သာကိုယ် သွားပစ်တော့လည်း ဒဏ် ရိုက်ခံရတယ်။ အဲဒီတော့ ၂ မိုင်ထင်း ရှူးတောတို့၊ ဟိုပုံးအထွက်ဘက်တို့၊ ကြိုးတံတားအောက်တို့မှာ စည်းကမ်း မဲ့ အမှိုက်ပစ်ကြတာပေါ့။ အခုဆိုရင် မြို့ထဲတင်မဟုတ်ဘူး။ မြို့ပြင်ကား  လမ်းဘေးတွေမှာလည်း အမှိုက်ပုံ တွေက လူမြင်မကောင်းအောင် တော် တော် များလာနေပြီ”ဟု‌ တောင်ကြီး ဒေသခံတစ်ဦးက ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
ယခင်က တောင်ကြီးမြို့ပေါ်တွင် အမှိုက်စွန့်ပစ်ရန် အတွက် နဂါးရေ ထွက်နှင့် အနောက်မြို့ပတ်လမ်း ဘေးတွင် တစ်နေရာ၊ မြို့မဈေး အ နောက်ဘက်၊ နာရီစင်အနီးတွင် တစ် နေရာ၊ ကုန်သည်လမ်းတွင် တစ်နေ ရာနှင့် အထက(၈) တောင်ဘက်လမ်း သွယ်တွင် တစ်နေရာ သတ်မှတ်ပေး ထားသော်လည်း ယခုအခါ ကုန်သည် လမ်းအတွင်းရှိ အမှိုက် ကန်တစ်ခု တွင်သာ ဈေးရောင်းချရာမှ ထွက်ရှိ သော စွန့်ပစ် အမှိုက်များနှင့် အနီးအ နားမှ ထွက်ရှိသည့် အိမ်သုံးစွန့်ပစ် အ မှိုက်များကို လာရောက်စွန့်ပစ်နေကြခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats