ဘုရားဖြူရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး စာရေးအား တိုင်ကြားမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဘုရားဖြူရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး စာရေးအား တိုင်ကြားမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်သွားမည်


မင်းမင်း
.
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး စာရေး ဝန် ထမ်းအား ရပ်ကွက်နေပြည်သူများ အပေါ် ရိုင်းပြစွာ ဆက်ဆံခဲ့သည်ဟု ဆိုကာ တိုင်ကြားထားမှုနှင့် စပ်လျဉ်း ၍ စုံစမ်းစစ်ဆေး အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု တောင်ကြီးမြို့နယ် အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
.
.
တိုင်ကြားစာ ပေးပို့လာတဲ့ အ တွက် စစ်ဆေး အရေးယူတာတွေ လုပ်သွားမှာပါ။ ရပ်မိရပ်ဖတွေနဲ့ ပတ် ဝန်းကျင်ကိုလည်း မေးမြန်းမှာ။ အုပ် ချုပ်ရေး မှူး၊ ရာအိမ်မှူးတွေကိုရော စစ်ဆေးသွားမှာပါ။ စားရေးမ မှား တယ်ဆိုရင် စာရေးမကို အရေးယူ မယ်၊ မှန်ကန် နေတယ် ဆိုရင်တော့ မမှန်တိုင်ကြားတဲ့သူကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကနေ အမှုဖွင့် အရေးယူသွားမှာပါ” ဟု တောင် ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုး မင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
အဆိုပါ ရပ်ကွက် စာရေးမသည် ရပ်ကွက်နေပြည်သူများ ထောက်ခံစာ လာရောက် ထုတ်ယူရာတွင် ရိုင်းပြ မောက်မာစွာ ဆက်ဆံပြီး ထောက်ခံ စာပြုလုပ်ပေးခြင်း မရှိသောကြောင့် ဟုဆိုကာ ဘုရားဖြူရပ်ကွက် ဒေသ ခံ ဒေါ်ခင်လေးနွယ်မှ တောင်ကြီးမြို့ နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနသို့ သြဂုတ်လ ၁၄ ရက်တွင် တိုင် ကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
.
ဒေါ်ခင်လေးနွယ်  ပေးပို့သည့် တိုင် ကြားစာတွင် မိမိ အကျိုးစီးပွားသာ ကြည့်ပြီး အများနှင့် သက်ဆိုင်သော ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ကိုယ်ပိုင်ရုံးသဖွယ် မိသားစုလိုက် နေ ထိုင်ပြီး ရပ်ကွက်သူ/ရပ်ကွက်သား များအပေါ် မလိုတစ်မျိုး၊ လိုတစ်မျိုး ရိုင်းပြစွာ ဆက်ဆံနေသည့် ဘုရားဖြူ စာရေးဝန်ထမ်းအား အရေးယူပေး ရန် တိုင်ကြားထားခြင်း ဖြစ်သည်။
.

Journal Download

Photo of three cats