တောင်ကြီးမြို့၊ သစ်တောရုံး၀င်း အတွင်းရှိ ပရုပ်ပင်အား အကြီးဆုံး ပရုပ်ပင်အဖြစ် မှတ်တမ်းတင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ သစ်တောရုံး၀င်း အတွင်းရှိ ပရုပ်ပင်အား အကြီးဆုံး ပရုပ်ပင်အဖြစ် မှတ်တမ်းတင်


နန်းထက်ထက်
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရှမ်း ပြည်နယ် သစ်တော ဦးစီးဌာနရုံးဝင်း အ တွင်းရှိ ရင်စို့လုံးပတ် ၂၂ ပေ ၈ လက်မ အရွယ် နှစ်ပေါင်း ၁၂၆ နှစ် သက်တမ်းရှိ ပရုပ်ပင်အား အကြီးဆုံး ပရုပ်ပင်အဖြစ် မှတ်တမ်းတင်ခဲ့သည် ဟု သိရသည်။
.
.
အဆိုပါ ပရုပ်ပင်မှာ ရှမ်းပြည်နယ် သစ်တော ဦးစီးဌာနရုံးဝင်းအတွင်းရှိ ရတနာသစ် ခန်းမဆောင်ရှေ့တွင် စိုက်ပျိုးထားသည့် ပရုပ်ပင်ဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၂၆ နှစ်ခန့် ရှိပြီဖြစ်ပြီး တောင်ကြီးမြို့ စ တင် တည်ထားစဉ်က စိုက်ပျိုးခဲ့သည့် ပရုပ်ပင်ဖြစ်ကြောင်း သိရသည်။
.
ပရုပ်ပင်သည် အင်္ဂလိပ်အမည် Camphor၊ သိပ္ပံအမည် Cinnamon-mum Camphora Ness ဖြစ်ပြီး အ မြင့်ပေ ၃၀ မှ ပေ ၄၀ အထိ မြင့်မား ကာ အကိုင်းအခက်များစွာ ဖြာထွက် လေ့ရှိကြောင်း သိရသည်။
.
ပရုပ်ပင်မှ ပရုပ်ဆီထုတ်ကာ ကိုယ်လက်အင်္ဂါကိုက်ခဲခြင်း၊ ဒူလာ မီးယပ် ရောဂါအမျိုးမျိုး တို့အတွက် ဆေး ဖော်စပ်ရာတွင် ထည့်သွင်း အ သုံးပြုနိုင်ကြောင်း သိရသည်။
.

Journal Download

Photo of three cats