စုလှိုင်
.
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် နယ်မြေ (၅) ပန်သစ္စာလမ်းရှိ
နေအိမ်တစ်လုံးတွင် ယနေ့ ဩဂုတ်လ ၁၆ ရက်၊ နံနက်ပိုင်းက ဖုန်းအားသွင်းရာမှ မီးလောင်မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ မီးလောင်မှုကြောင့် ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၅)၊ ပန်သစ္စာလမ်းရှိ
ဒေါ်ပေါအေး နေအိမ်၊ သွပ်မိုး၊ အုတ်ညှပ် နေအိမ်တစ်လုံး ၏ အိမ်ပေါ်ထပ်တွင်
အိပ်ခန်းအတွင်း ဂွမ်းမွေ့ယာ၊ မှန်ပြတင်းပေါက် ၃ ခု မျက်နှာကျက် နှင့် အထပ်သား နံရံ
အနည်းငယ် ပျက်ဆီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို တောင်ကြီးမြို့နယ် မီးသတ်စခန်းမှ
မီးငြိမ်းသတ်ယာဉ် ၃ စီး ၊ သန္ဓေတပ်ဖွဲ့ဝင် ၁၂ ဦး၊ ခရိုင်မီးသတ်စခန်း မှ
မီးငြိမ်းသတ်ယာဥ် ၁ စီး၊ သန္ဓေ တပ်ဖွဲ့ဝင် ၅ ဦး ၊ ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာန
ရုံးမှ မီးငြိမ်းသတ်ယာဥ် ၁ စီး ၊ သန္ဓေ မီးတပ်ဖွဲ့ဝင် ၅ ဦး တို့ နှင့် ရပ်ကွက်နေ
ပြည်သူများ ဝိုင်းဝန်း၍ မီးသတ်ခဲ့ကြောင်း သိရသည်။
.