တောင်ကြီးမြို့၊ ဆရာ၀န်အသင်းရှေ့ ပြည်ထောင်စုလမ်းမပေါ်တွင် ခရီးသည်တင်ယာဉ်လိုင်းများ ဂိတ်ထိုး ပြေးဆွဲမှုကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ဆရာ၀န်အသင်းရှေ့ ပြည်ထောင်စုလမ်းမပေါ်တွင် ခရီးသည်တင်ယာဉ်လိုင်းများ ဂိတ်ထိုး ပြေးဆွဲမှုကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေ


မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း တိုက်ရုံးရှေ့၊ တောင်ကြီး-ဟိုပုံးသွား ပြည်ထောင်စု လမ်းမပေါ်တွင် ညနေ ခင်းပိုင်း အချိန်များ၌ ခရီးသည်တင် ယာဉ်လိုင်းများမှ ဂိတ်ထိုးရပ်နားပြေး ဆွဲမှုကြောင့် ယာဉ်ကြော ပိတ်ဆို့မှု များ မကြာခဏ ဖြစ်ပေါ်နေရသည် ဟု သိရသည်။
.

.
အဝေးပြေး ကားဂိတ်က လေ အိတ်ကားကြီးတွေ ခရီးသည်တင်ဖို့ ၂ စီး ၃ စီး လမ်းအရှေ့ဘက်ခြမ်းမှာ ရပ်ထားတော့ ညနေပိုင်းလုပ်ငန်း သိမ်းချိန် တခြား အိမ်စီးကားတွေ၊ ကားငယ်တွေနဲ့ ဆုံပြီး လမ်းပိတ်ကုန် တယ်။ မြို့ပြင်နေရာ ဖြစ်နေတော့မြို့ တွင်းမောင်းတဲ့ အရှိန်ထက် ပိုမောင်း ကြတော့ ယာဉ်တိုက်မှုတွေ ဖြစ်လာ နိုင်တယ်။ နောက်ပြီး လမ်းပိတ်တာက လည်း ညနေတိုင်းလို ဖြစ်နေတယ်။ ဌာနဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဘေးအန္တရာယ်တွေ မဖြစ်အောင် တစ်ခုခု လုပ်ပေးဖို့ လိုပါတယ်” ဟု တောင်ကြီးမြို့နေ ကိုငယ်လေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပြည်ထောင်စုကားလမ်း မပေါ်တွင် ဂိတ်ထိုးရပ်နား ပြေးဆွဲပေး နေသည့် ခရီးသည်တင်ယာဉ်ကြီးများ မှာ တောင်ကြီးမြို့မှ အခြားတိုင်းဒေ သကြီးနှင့် ပြည်နယ်များသို့ ပြေးဆွဲ နေသည့် ယာဉ်ကြီးများဖြစ်ပြီး ည နေပိုင်း ကားထွက်ချိန်တွင် ယာဉ် ကြော ပိတ်ဆို့မှုများ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း သိရသည်။
.
ဒီနားတစ်ဝိုက်မှာ ယာဉ်တိုက် မှုတွေ မကြာခဏ ဖြစ်ဖူးတယ်။ ည နေပိုင်းမှာ ပိုအဖြစ်များပါတယ်။ ခရီး သည်တင်နဲ့ အိမ်စီးကားတွေလည်း အသွားအလာ မပြတ်ဘူး။ ဆေးတက္က သိုလ်ဖွင့်တဲ့ အချိန်ဆိုရင်လည်း အန္တ ရာယ် များပါတယ်” ဟု တောင်ကြီးမြို့၊ သစ်တောဂိတ်အနီးတွင် ဆိုင်ကယ် Taxi ပြေးဆွဲနေသူ တစ်ဦးကလည်း ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
အဆိုပါ မြန်မာနိုင်ငံဆရာဝန်များ အသင်းရုံးရှေ့ရှိ တောင်ကြီး-ဟိုပုံး ကားလမ်းမကြီးဘေးတွင် ကုန်တင် ယာဉ်များ ရပ်နားရန်နှင့် ကုန်ပစ္စည်း များတင်ဆောင်ရန်သတ်မှတ် ပေး ထားသည့် ကားကြီးကွင်း တည်ရှိ သည့်အပြင် တောင်ကြီးမြို့မှ ပြည် နယ်အတွင်းရှိ အခြားမြို့နယ်များသို့ ခရီးသည် တင်ဆောင်ပြေးဆွဲနေသည့် အဝေးပြေး ယာဉ်လိုင်းဂိတ်များလည်း တည်ရှိနေကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း အ တွင်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန် လအတွင်း ယာဉ်တိုက်မှု ၂၈၃ မှု ဖြစ် ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၉၅ ဦးနှင့် သေဆုံးသူ ၉၈ ဦး ရှိကာ ၂၀၁၉ ခုနှစ် က ယာဉ်တိုက်မှု ၅၀၃ မှု ဖြစ်ပွား ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၉၄ ဦး၊ သေဆုံးသူ ၂၆၇ ဦးရှိခဲ့ကြောင်း သိရ သည်။
.

Journal Download

Photo of three cats