စုလှိုင်
.
တောင်ကြီးမြို့၊ ညောင်ရွှေဟော် ကုန်းရပ်ကွက်နေ
အမျိုးသားတစ်ဦးမှ လောင်စာချွေတာ စွမ်းအင်မြင့် စက် ကိရိယာကို စွန့်ဦးတီထွင်
ထုတ်လုပ် ထားပြီး ရှေ့ဆက် ထောက်ပံ့ပေး မည့်သူ လိုအပ်နေလျက် ရှိကြောင်း သိရသည်။
.
.
“ရှေ့ဆက်ပြီး
လုပ်ဖို့အတွက် ထောက်ပံ့မယ့်သူကို လှူချင်ပါတယ်။ နိုင်ငံတော်ကို
အကျိုးပြုမယ့်သူပေါ့။ သူ့ကို လှူရင် ကျွန်တော့်ဘက်ကို ပြန်ထောက်ပံ့ပေးဖို့ ပေါ့။
ပုဂ္ဂလိက တွေ ဘယ်လောက်ပေးပေး မရောင်း ချင်ဘူး။ နောက်ထပ် လုပ်မယ့်ဟာ အတွက် ငွေက
မလောက်ငဘူး ဖြစ် နေတယ်”ဟု တီထွင်သူ ဦးရန်မင်း လှိုင် (ခ) ကိုကြီးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
ယင်း လောင်စာချွေတာ စွမ်း အင်မြင့် စက်ကိရိယာကို တီထွင်ရာ
တွင် အချိန် ၉ နှစ်ခန့် ယူခဲ့ရပြီး ကုန် ကျ စရိတ် ငွေကျပ် သိန်း ၃၀၀ ကျော်
ရှိခဲ့ကာ ပြင်ပနည်းပညာအကူအညီ မပါဘဲ စွန့်ဦးတီထွင် ထုတ်လုပ်ထား ခြင်းဖြစ်ပြီး
မန္တလေး တိုင်းဒေသကြီးမှ လုပ်ငန်းရှင်အချို့က ဝယ်ယူရန် ကမ်း လှမ်းထားကြောင်း
၎င်းထံက သိရ သည်။
.
အဆိုပါ လောင်စာ ချွေတာ စွမ်း အင်မြင့် ကိရိယာစက်သည် အင်ဂျင်
ပါဝါ သေးခြင်းကြောင့် ဝယ်ယူရာတွင် ဈေး သက်သာခြင်း၊ သယ်ယူရွှေ့ ပြောင်းရာတွင်
လွယ်ကူပေါ့ပါးခြင်း၊ ပြင်ဆင်စရိတ်ကုန်ကျမှု ဈေးသက် သာခြင်း၊ ဆီစား သက်သာခြင်းအပြင်
သဘာဝပတ်ဝန်းကျင်လေ ထုအတွက် ကာဗွန် လျှော့ချပေးခြင်း၊ အသံဆူညံ မှု
လျှော့ချပေးနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိ ရသည်။
.