စုလှိုင်
.
ရှမ်းပြည်နယ်အတွင်း ကျေး လက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီး
ဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးလက်ဒေသ
ရေရရှိရေးလုပ်ငန်း များ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ် ကြောင်း သိရသည်။
.
.
“၂၀၃၀ မှာ
သန့်ရှင်းတဲ့ ရေရရှိ ရေး၊ သောက်သုံးရေ ရရမယ်။ အဲဒီ အပေါ်မှာ ရည်ရွယ်ပြီး လျာထား
ဆောင်ရွက်နေပါတယ်” ဟု ရှမ်းပြည် နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ
လက်ထောက် ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန အနေဖြင့်
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အတွင်း ရှိ ကျေးရွာပေါင်း ၂၂၆ ရွာ၊ အိမ်
ထောင်စုပေါင်း ၂၁၂၂၃ စုနှင့် ကိုယ် ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများရှိ ကျေး
ရွာပေါင်း ၅၃ ရွာနှင့် အိမ်ထောင်စု ပေါင်း ၅၅၃၂ စုတို့တွင် ရေချို ရရှိရေး
လုပ်ငန်းများကို ရာနှုန်းပြည့် ဆောင် ရွက် ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း သိရ သည်။
.
ထိုသို့ ဆောင်ရွက်ရာတွင် တွင်း တိမ် ၄ တွင်း၊ တွင်းနက် ၂၇ တွင်း၊
မြေ သားရေကန် ၁ ခု၊ စိမ့်စမ်းရေသွယ် ၁၃၃ ခု၊ အခြား ၉၁ ခုနှင့် လုပ်ငန်း ပေါင်း ၂၅၆
ခုတို့ကို ဆောင်ရွက်ပေး ခဲ့ပြီး ဘဏ္ဍာရန်ပုံငွေ ကျပ်သန်းပေါင်း ၄၅၁၀ ကျော်ဖြင့်
ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။
.