တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် ဓါးထိုးမှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် ဓါးထိုးမှုဖြစ်ပွား


မင်းမင်း
.
‌တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၈)၊ သိင်္ဂီလမ်းသွယ်တွင် ယနေ့ ဩဂုတ်လ ၁၀ ရက်၊ ညပိုင်းက ဓါးထိုးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
“လူငယ်တွေ ဓါးထိုးမှုဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။ အဲဒီနယ်မြေက ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ ရပ်ကွက်ပြည်သူတွေကနေ ဓါးနဲ့အထိုးခံရတဲ့ ကောင်လေးကို စဝ်စံထွန်းဆေးရုံကို ပို့ပေးထား ပါတယ်။ ဓါးနဲ့ထိုးတဲ့ လူငယ် ၂ ယောက်ကိုလည်း မြို့မစခန်းက လာဖမ်းသွားပါပြီ” ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၈) နေ ကုလား (ခ) သက်နိုင်ဦး၊ ဖိုးရှုပ် (ခ) ဝင်းဝင်းထက်တို့ ၂ ဦးနှင့် ခွန်မင်းအောင်တို့သည် အခင်းဖြစ်ရာနေရာ၌ ယနေ့ ဩဂုတ်လ ၁၀ ရက်၊ ည ၈ နာရီအချိန်ခန့်က စကားများရန်ဖြစ် နေရာမှ ခွန်မင်းအောင်တွင် ခါး၌ ဓါးဖြင့်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ မျက်နှာ၊ တံတောင်ဆစ်နှင့် ကျောကုန်းတို့တွင် ဓါးဒဏ်ရာတစ်ချက်စီ ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
ယင်း ဓါးထိုးမှုနှင့် ပတ်သက်၍ ကုလား (ခ) သက်နိုင်ဦးနှင့် ဖိုးရှုပ် (ခ) ဝင်းဝင်းထက်တို့အား တောင်ကြီးမြို့မ ရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူး ထက်နိုင်ဟိန်းအား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် “ဓါးထိုးမှု ဖြစ်တာ ဟုတ်ပါတယ်။ တစ်ယောက်က ဆေးရုံတင်ထားပါတယ်။ အမှုက ဖွင့်ဖို့တော့ရှိတယ်။ လတ်တလောတော့ မဖွင့်သေးဘူး။ ညီအစ်ကို ၂ ယောက်မှာ တစ်ယောက်က ထိုးတာပါ။ အခု ၂ ဦးလုံး‌ ခေါ်စစ်နေပါတယ်။ အခုတော့ ကျွန်တော်လည်း အပြင်မှာ ဖြစ်တဲ့နေရာကို လိုက်ပြီး ဓါးသိမ်းနေပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.

Journal Download

Photo of three cats