တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း အတွင်းရှိ အိမ်သာများမှ အနံ့အသက် ဆိုးများ ထွက်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း အတွင်းရှိ အိမ်သာများမှ အနံ့အသက် ဆိုးများ ထွက်ပေါ်နေ


မင်းမင်း
.
တောင်ကြီးမြို့၊ အဝေရာ မီးပုံး ပျံကွင်း အထူးပွဲကြည့်စင်အနီးရှိ အိမ် သာနှင့် ပွဲတော် လုံခြုံရေးကာလအ တွင်း အသုံးပြုသည့် အိမ်သာများမှာ ထိန်းသိမ်းစောင့်ရှောက်ပြုပြင်မည့် သူမရှိဘဲ ပျက်စီးနေပြီး မိုးရွာသွန်း ချိန်တွင် မိလ္လာတွင်းများ ရေလျှံကာ အနံ့အသက်ဆိုးများ ထွက်ပေါ်နေ ကြောင်း ဒေသခံများထံက သိရသည်။
.

.
“မိုးရွာပြီဆိုရင် အိမ်သာကျင်း တွေက ရေလျှံပြီး အနံ့ဆိုးတွေထွက် တယ်။ အနံ့က တအားပြင်းတာမှ ဒီဘက် အစောင့်ရှိတဲ့ အိမ်သာတွေ ဘက်အထိကို မခံနိုင်ဘူး။ အစကဒီ ဘက် ချယ်ရီကွင်းက ဆောက်ထားတဲ့ အိမ်သာက ဖြစ်တာပဲထင်တာ။ တ ကယ်က မှန်ရုံအနောက်ဘက် အိမ် သာတွေကလာတာ။ ဒီလိုဖြစ်နေတာ ကို ဘယ်ဌာနဆိုင်ရာကို သွားပြော ပြရမှန်း မသိဘူး။ ဒီအိမ်သာတွေနဲ့ ပတ်သတ်ရင် ဘယ်သူမှ တာဝန် မရှိ တဲ့ပုံစံမျိုးဆိုတော့ နောက်လည်း ထပ်ဖြစ်နေဦးမှာပဲ။ တာဝန်ရှိတဲ့ ဌာနကနေ အမြန်ဆုံး ဖြေရှင်းပေး စေချင်တယ်။ မိလ္လာကျင်းတွေ ဖုံးပေး ရင်ကိုရနေပြီ။ အိမ်သာကိုက ပွဲတွင်း နီးမှဆောက်၊ ပွဲပြီးအိမ်သာပြန် ဖျက် ပြီး မိလ္လာကျင်းကို သေချာဖုံးခဲ့လိုက် ရင် ဒီလိုတွေ ဖြစ်လာစရာအကြောင်း မရှိဘူး”ဟု အဝေရာ မီးပုံးပျံကွင်းအ နီး ယာယီဈေးတွင်ဈေး ရောင်းချသူ တစ်ဦးက ပြောသည်။
.
အဆိုပါ အထူးပွဲကြည့်စင်အနီးရှိ အိမ်သာများနှင့် လုံခြုံရေးကွပ်ကဲ ဆောင်အနီးရှိ အိမ်သာများမှာ ထိန်း သိမ်းစောင့်ရှောက်သူ မရှိသည့်အ တွက် ယိုယွင်းပျက်စီးကာ ယခုကဲ့ သို့ အနံ့သက်ဆိုးများထွက်ပေါ်နေခြင်း ဖြစ်ပြီး မီးပုံးပျံကွင်း အနီး နေထိုင်သူ များအနေဖြင့် နောက်နောင် ယခုကဲ့သို့ ထပ်မံ ဖြစ်ပွားလာနိုင်သည့်အပြင် ကျန်းမာရေး ထိခိုက်လာနိုင် သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ အနေ ဖြင့် အမြန်ဆုံး ဆောင်ရွက်ဖြေရှင်းပေးစေလိုကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ အ ဝေရာမီးပုံးပျံကွင်းအတွင်းရှိ ချယ်ရီ ကွင်းကုမ္ပဏီမှ ဆောက်လုပ်ထား သည့် အများသုံး သန့်စင်ခန်းများအား ထိန်းသိမ်း စောင့်ရှောက်သူ မစန္ဒာက “ကျွန်မတို့က လေလံအောင်လို့ ဆောက်ထားတဲ့ သွပ်ပြားအပြာရောင် ကာထားတဲ့ အိမ်သာတွေကိုပဲ တာဝန် ယူထားရတာ။ ဒီလိုအချိန် ဆို အိမ်သာ တွေ မဖွင့်ဘဲနဲ့ အိမ်သာသန့်ရှင်းရေး နဲ့ အိမ်သာသုံး ပစ္စည်းတွေမပျောက် အောင်၊ သူများဖျက်ဆီးတာ မခံရ အောင်နဲ့ ဒီအိမ်သာတွေ ထဲဝင်ပြီး ဥပဒေနဲ့မကင်း တာတွေ မလုပ် အောင် တာဝန်ယူ စောင့်ရှောက်ပေးရတယ်။ ပွဲတွင်းမှ အိမ်သာအသုံးပြုခယူပြီး ဖွင့်တာပါ။ ကျွန်မတို့ တာဝန်ယူထား တဲ့ အိမ်သာတွေ အကုန်လုံး သန့်ရှင်း သေချာလုပ်တယ်။ အပျက်အစီးမရှိ အောင် သေချာဂရုစိုက်တယ်။ မိလ္လာ ကျင်းပေါက်ပြီး အနံ့ဆိုး ထွက်တာ မျိုးမဖြစ်ခဲ့ဘူး။ မှန်ရုံနောက်က အိမ် သာတွေက ဖြစ်တာပါ” ဟု ပြောဆိုခဲ့ သည်။
.
အဝေရာမီးပုံးပျံကွင်း အတွင်း၌တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း အိမ်သာဆောက်လုပ် ကာ အသုံးပြုခ ကောက်ခံခွင့် လေလံ အောင်ထားသည့် ချယ်ရီကွင်း ကုမ္ပ ဏီမှ တာဝန်ယူဆောက်လုပ်ထား သည့် အိမ်သာအခန်းတွဲ ၄ လုံး ရှိပြီး ယင်း အိမ်သာအခန်းတွဲများအနက် အထူးပွဲကြည့်စင်အနီးရှိ အစောင့် ရှိသည့် အိမ်သာ အခန်းတွဲ ၁ လုံး သာ လက်ရှိတွင် ယာယီစျေးမှ စျေး သည်များနှင့် ဈေးဝယ်များအတွက် အသုံးပြုခကောက်ခံကာ ဖွင့်လှစ်ပေး ထားကြောင်း သိရသည်။
.
“ကျွန်တော်တို့က မြို့ထဲမှာလမ်း ခင်းနေတဲ့ အလုပ်သမားတွေပါ။ သူ တို့က ကျွန်တော်တို့ကို ဒီ မီးပုံးပျံ ကွင်း မှန်ရုံ မြောက်ဘက်က ပြန်ကြား စင်မှာ နေဖို့ နေရာ ချပေးထားတာ။ ဒီရောက်တာ ၁ လခွဲကျော်ပြီ။ ဆိုးဆိုး ရွားရွားကြီး အနံ့ဆိုး ထွက်တာ ၂ ခေါက်၊ ၃ ခေါက် ကြုံရတယ်။ ဒါပေမဲ့ ဘယ်ကလဲတော့ သေချာမသိဘူး။ တစ်ခါတော့တွဲကား ၃/၄ စီး လာရပ် တုန်းက အနံ့ဆိုးထွက်တာ ၂ ရက် လောက်ကြာတယ်။ ဒီနားက လူတွေ ပြောတာတော့ ခနောက်စိမ်း တင် တဲ့ကားတွေပေါ့။ ခနောက်စိမ်းက မိုးထိရင် အဲဒီလို စိမ်းရွှင်ရွှင် အနံ့ ဆိုးကြီး ထွက်တယ်လို့ ပြောတာပဲ။ ဘာကြောင့်ပဲဖြစ်ဖြစ် အခုလို အနံ့ ဆိုးက အစားသောက် ပျက်တဲ့အပြင် ကျန်းမာရေးပါ ထိခိုက်လာနိုင်တယ်။ မိုးရွာတာနဲ့ ကားရပ်တာနဲ့ အနံ့ဆိုး ကြီးက ပြည်သူတွေကို ဒုက္ခပေးနေ တာ မဖြစ်သင့်ပါဘူး”ဟု အဝေရာ မီးပုံးပျံကွင်းအတွင်း ယာယီနေထိုင် နေသည့် လမ်းလုပ်သား ကိုမောင် မျိုးက ဆိုသည်။
.
ထို့အပြင် အဝေရာ မီးပုံးပျံကွင်း အတွင်း၌ ညဘက် လူသူအသွားလာ နည်းချိန်တွင် တရားဥပဒေနှင့် မလွတ် ကင်းသည့် လုပ်ရပ်များ လုပ်ကိုင်သူ များရှိပြီး ယင်းကွင်းအတွင်းရှိ အ ဆောင်များတွင် လူသေမှုဖြစ်စဉ် များ မကြာခဏ ဖြစ်ပွား လေ့ရှိ ကာ ၎င်း မီးပုံးပျံကွင်းအနီးနေထိုင် သူများ အနေဖြင့် မကြာခဏ ရာဇဝတ် မှုမကင်းသည့် ခြောက်လှန့် လုယက် မှုများ ကြုံတွေ့နေရကြောင်း သိရသည်။
.

Journal Download

Photo of three cats