တောင်ကြီးမြို့၊ အမှတ် (၂) ရေကန်အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ အမှတ် (၂) ရေကန်အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံး


မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အမှတ် (၂) ရေကန်အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ယနေ့ ဩဂုတ်လ ၂၈ ရက်၊ နံနက်ပိုင်းက အလောင်းအား တွေ့ရှိဆယ်ယူခဲ့ကြောင်း သိရသည်။
.
.
“ဒီပတ်ဝန်းကျင်မှာ နေတဲ့သူတွေက အလောင်းပေါ်နေလို့ ရုံးကို အကြောင်းကြားတာပါ။ မီးသတ်တွေ၊ နာရေး ကူညီမှု အသင်းတွေ၊ ရဲတွေကို အကြောင်းကြားခဲ့တာပါ။ ရာအိမ်မှူးကနေတစ်ဆင့် မိသားစုကို ဆက်သွယ်ပြီး ဆေးရုံကို ပို့ဆောင်တာဖြစ်ပါတယ်။ စိတ်ဝေဒနာရှင်တစ်ဦးပါ။ ရေနစ်တဲ့အချိန်ကတော့ သူ့မိသားစုရဲ့ ပြောကြားချက်အရ ၂ ရက်လောက်တော့ ရှိပြီ ထင်ပါတယ်” ဟု ကျောင်းကြီးစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
သေဆုံးသူမှာ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၇)၊ ရွာလယ်လမ်းနေ ဇင်ဖြိုး (၃၂ နှစ်) ဆိုသူဖြစ်ပြီး စိတ်ရောဂါ ဝေဒနာရှင်တစ်ဦးဖြစ်ကာ နေအိမ်မှ မကြာခဏ ထွက်ခွာသွားတတ်လေ့ ရှိသူဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များ ထံက သိရသည်။
.
အဆိုပါ ဇင်ဖြိုး သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် တောင်ကြီးမြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁၅/၂၀၂၀) ဖြင့် အမှုဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး သေဆုံးသူ၏ ရုပ်အလောင်းအား တောင်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဆယ်ယူကာ ကရုဏာရှင် နာမှုကူညီရေးအသင်း ယာဉ်ဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats