တောင်ကြီး အချုပ်ထောင်ရှေ့တွင် အချုပ်ကား တိမ်းမှောက်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး အချုပ်ထောင်ရှေ့တွင် အချုပ်ကား တိမ်းမှောက်မှုဖြစ်ပွား


ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ တောင်ကြီး-ဟိုပုံးလမ်း၊ အကျဉ်းဦးစီးဌာန၊ တောင်ကြီးအချုပ်ထောင်ရှေ့တွင် ယနေ့ ဩဂုတ်လ ၂၀ ရက်၊ ညနေ ၅ နာရီခန့်က အချုပ်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ အချုပ်ယာဉ်သည် တရားရုံးမှ ရုံးထုတ် အချုပ်သားများ ပြန်လည်တင်ဆောင်လာသော တောင်ကြီးနယ်မြေ ရဲစခန်းမှ အချုပ်ယာဉ်ဖြစ်ပြီး ယာဉ်ပေါ်တွင် အချုပ်သား ကျား ၂၇ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၃၀ ဦးတို့ကို တင်ဆောင် လာခြင်း ဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိမ်းမှောက်မှု အကြောင်းရင်း၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အသေးစိတ် အချက်အလက်များအား သိရှိရခြင်း မရှိသေးသော်လည်း အချုပ်သားအချို့ ထိခိုက်ဒဏ်ရာရှိမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats