မယ်စု
.
ရှမ်းပြည်နယ် အတွင်းရှိ ရပ် ကွက်/ကျေးရွာ အုပ်စု
အုပ်ချုပ်ရေး မှူးရုံးများနှင့် ရဲစခန်းများတွင် အ ကြောင်း အမျိုးမျိုးဖြင့် ထောက်ခံစာ
သွားရောက် ရယူရာ၌ ငွေကြေး တောင်းခံမှုများ ရှိနေသည်ဟု ဒေသခံ များထံက သိရသည်။
.
.
“ရပ်ကွက်
ထောက်ခံစာယူရင် လည်း ပေးရတယ်။ ရဲစခန်းထောက် ခံစာ ယူရင်လည်း ပေးရတယ်။ အ လှူငွေ
ထည့်သွားလို့ ပြောတယ်။ စေ တနာ ရှိသလောက် ဆိုပေမဲ့ အနည်း ဆုံးကတော့ တစ်ထောင်ပါပဲ”ဟု
အ လုပ်လျှောက်ရန်အတွက် ထောက်ခံ စာ သွားရောက်ရယူခဲ့သူ တောင်ကြီး မြို့နေ
ဒေသခံတစ်ဦးက ပြောသည်။
“ရှိလို့
ပေးရတဲ့ သူကတော့ အ ကြောင်း မဟုတ်ဘူးပေါ့။ အလုပ်အ ကိုင် မရှိလို့၊ ငွေမရှိလို့
အလုပ်ရဖို့ ထောက်ခံစာ သွားယူပါတယ်ဆိုမှ အ လုပ်က ရ/မရ မသိသေးဘူး။ ထောက် ခံစာအတွက်
ငွေက အရင်ပေးနေရပြီ ဆိုရင်တော့ အဆင် မပြေလှပါဘူး” ဟု တောင်ကြီးမြို့နေ အခြားဒေသခံ
တစ်ဦးကလည်း ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်
ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးနေလင်းက “တောင်းခံလို့ မရပါဘူး။
တင်ပြတိုင်ကြား လာတဲ့သူ ရှိရင် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ် ရေးဥပဒေ၊
နည်းဥပဒေတွေနဲ့အညီ အရေးယူမှာပါ။ ကာယကံရှင် ကိုယ် တိုင် တိုင်ကြားဖို့တော့ လိုမယ်။
တိုင် ကြားလာရင် ခုံရုံးဖွဲ့ စစ်သွားမယ်။ သက်သေ အထောက်အထားတော့ လိုတာပေါ့”ဟု
ပြောဆိုခဲ့သည်။
.
ထို့အတူ ရဲတပ်ဖွဲ့စခန်းများတွင် ထောက်ခံချက် ထုတ်ပေးရာ၌ ငွေ
ကြေး တောင်းခံမှုများ ရှိနေကြောင်း ပြောဆိုမှု အပေါ် တောင်ကြီးမြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်အား ဆက် သွယ်မေးမြန်းရာတွင်မူ “ငွေတောင်း တာ
မရှိပါဘူး။ မလုပ်ဖို့ကိုလည်း ဆုံးမ သွားမှာပါ”ဟု ပြန်လည်ပြောဆိုခဲ့ သည်။
.
၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး
ဥပဒေ တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများ အတွက် ရုံးအသုံးစရိတ်များ သုံးစွဲနိုင်
ရန် နှစ်စဉ် ရသုံးမှန်းခြေ ငွေစာရင်း၌ မြို့နယ်အလိုက် သင့်လျော်သော ရန် ပုံငွေ
ပမာဏကို ခွဲဝေ သတ်မှတ်လျာ ထားရမည်ဖြစ်ပြီး ယင်းရန်ပုံငွေကို ရပ်ကွက် သို့မဟုတ်
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက မြို့နယ် အုပ်ချုပ် ရေးမှူးထံသို့
တင်ပြတောင်းခံရမည် ဟု ပြဌာန်း ဖော်ပြထားသည်။
.