စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်း ယောင်း မြို့နယ်တွင် စိုက်ပျိုးထား သော
အစေ့ထုတ်ပြောင်းများ ဖြစ် ထွန်း အောင်မြင်လျက် ရှိကြောင်း ပြောင်းစိုက်
တောင်သူများထံက သိ ရသည်။
.
.
အစေ့ထုတ်ပြောင်းသည် ရောင်း ချရာတွင် မိသားစုဝင်ငွေ ပိုမိုရရှိစေ၍
တောင်သူများအတွက် အကျိုးပြု သည့် သီးနှံဖြစ်သောကြောင့် မိုးအစေ့
ထုတ်ပြောင်းများကို မိုင်းယောင်း မြို့ နယ်တွင် မိုးသီးနှံအဖြစ် စိုက်ပျိုး ကြ ခြင်းဖြစ်ကြောင်း
သိရသည်။
မိုးသီးနှံပြောင်း စိုက်ပျိုးရာတွင် တစ်ဧကလျှင် ပြောင်း ၄ ပြည်စိုက်ရ ပြီး
မျိုးစရိတ်၊ မြေပြင်ခြင်း၊ အလုပ် သ မား၊ မြေဩဇာ၊ ပိုးသတ်ဆေးဖိုးများအ ပါအဝင်
စုစုပေါင်းငွေကျပ်၂၈၀၀၀၀ ခန့် ကုန်ကျကြောင်း သိရသည်။
.
တောင်သူများ အနေဖြင့် CP 888၊ CP 222 တရုတ်မျိုးအပြင် ဒေသမျိုး ဖြစ်သည့် ဧကရီ၊ သက်လတ် ရွှေဝါနှင့်
အခြားပြောင်းမျိုးများကို စိုက်ပျိုးကြ ကြောင်း သိရသည်။
.
ပြောင်း စိုက်ပျိုးရာတွင် ဒေသ အလိုက် သင့်လျော်သော အထွက် ကောင်းမျိုးများ
ရွေးချယ်စိုက်ပျိုးကြ ရာ မိုးရာသီတွင် ဧပြီလမှ မေလကုန် စိုက်ပြီး ဆောင်းရာသီတွင်
အောက် တိုဘာလမှ နိုဝင်ဘာလတွင် စိုက်ပျိုး သင့်ကြောင်းနှင့် မြေဩဇာ ထက်သန် သော
နုန်းမြေ၊ နုန်းမြေစေး၊ သဲနုန်း မြေတို့နှင့် ရေဝပ်ခြင်းမရှိ လေဝင်လေ ထွက်မျှတ၍
မြေဆီလွှာ နက်သော မြေမျိုးတို့တွင် စိုက်ပျိုးနိုင်ကြောင်း
စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
.
အဆိုပါ အစေ့ထုတ်ပြောင်းများ ကို မိုင်းယောင်းမြို့နယ်တွင် များစွာ စိုက်ပျိုး
လျက်ရှိရာ ယခုအချိန်တွင် မိုး အစေ့ထုတ်ပြောင်း စိုက်ပျိုးမှု အောင်မြင်
ဖြစ်ထွန်းလျက် ရှိပြီး ခူးဆွတ်ရောင်းချ
ချိန်တွင်လည်း ဈေးကောင်း ရရှိရန် ဒေသခံ တောင် သူများ မျှော်လင့်လျက် ရှိကြောင်း သိရသည်။
.