ရှမ်းပြည်နယ်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၅ ဦး ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၅ ဦး ရှိလာ


စုလှိုင်
.
ရှမ်းပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ၇ လတာအတွင်း သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း သိရသည်။
.

.
၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာ နိုင်ငံတစ်ဝှမ်းတွင် သွေးလွန်တုပ် ကွေးရောဂါ ဖြစ်ပွားသူ ၄၈၁၃ ဦး ရှိခဲ့ပြီး ၃၂ ဦး သေဆုံးခဲ့ကာ ရှမ်းပြည် နယ်တောင်ပိုင်းတွင် ရောဂါ ဖြစ်ပွား သူ ၁၃၇ ဦး၊ သေဆုံးသူ ၁ ဦး၊ ရှမ်းပြည် နယ်မြောက်ပိုင်းတွင် ရောဂါ ဖြစ်ပွား သူ ၁၂၀ ဦး၊ သေဆုံးသူ ၁ ဦးနှင့် ရှမ်း ပြည်နယ်အရှေ့ပိုင်းတွင် ဖြစ်ပွားသူ ၂၆၈ ဦး၊ သေဆုံးသူ ၃ ဦး၊ စုစုပေါင်း ရှမ်းပြည်နယ် တစ်ခုလုံးတွင် ရောဂါ ဖြစ်ပွားသူ ၅၂၅ ဦး၊ သေဆုံးသူ ၅ ဦး ရှိခဲ့ကြောင်း သိရသည်။
.
အပတ်စဉ်တိုင်း ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းတွေ ဆောင်ရွက်တယ်။ အဘိတ်ဆေး ခတ်တဲ့လုပ်ငန်းတွေ လုပ်နေတယ်။ ခြင်ဆေး မှုတ်တာက တော့ သွေးလွန်တုပ်ကွေးဖစ်တဲ့ အိမ် နဲ့ ပတ်ဝန်းကျင်ကိုပဲ လုပ်တယ်။ အ ရင်ကလို ကာကွယ် မှုအနေနဲ့ မလုပ်ရ တော့ဘူး”ဟု ရှမ်းပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ရောဂါပိုး သယ်ဆောင်သော ပိုးမွှားကောင်များ မှတစ်ဆင့် ကူးစက်တတ်သော ရော ဂါများ ကာကွယ်နှိမ်နင်းရေးဌာန (ရပကန)မှ လက်ထောက် ညွှန်ကြား ရေးမှူး ဒေါက်တာ အောင်အောင်မျိုး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သွေးလွန်တုပ်ကွေး ရောဂါကို အရိုးကွဲဖျား (breakbone fever) ဟု လည်း လူသိများပြီး  သွေးလွန်တုပ် ကွေးရောဂါပိုး (dengue virus) ကြောင့် ဖြစ်ပွားသော ကူးစက်တတ် သည့် အပူပိုင်းဒေသ ရောဂါတစ်မျိုး ဖြစ်ကာ ပုံမှန်ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ထူးခြား သော အရေပြားတွင် အနီစက်များ ထွက်ခြင်း၊ ကြွက်သားနှင့် အဆစ်များ နာကျင်ခြင်းတို့ဖြစ်ပြီး အနည်းအ ကျဉ်းမှာ အသက်အန္တရာယ် ပေးသည် အထိ ရှုပ်ထွေးမှုများကို ဖြစ်စေသည့် သွေးလွန်တုပ်ကွေး (သွေးယိုစီးခြင်း)နှင့် သွေးလန့် ရောဂါလက္ခဏာစု၊ ခန္ဓာ ကိုယ်အတွင်း သွေးဖိအား အလွန် ကျ ဆင်းသဖြင့် ခန္ဓာကိုယ်တွင်း ကလီစာ များ အလုပ် လုပ်ခြင်းကို ကစင့်က လျား ဖြစ်ခြင်းတို့ ဖြစ်ပွားတတ် ကြောင်း သိရသည်။
.

Journal Download

Photo of three cats