မင်းဇော်မင်း
,
မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင် နိုင်သည့် အနိမ့်ဆုံးအသက်အရွယ် ဆိုင်ရာ
ကွန်ဗင်းရှင်း စတင်အသက် ဝင်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ILO၊ UNICEF နှင့် အ လုပ်သမား အလုပ်ရှင်အဖွဲ့အစည်း များအကြား ဇူလိုင်လ ၃၀ ရက် အွန် လိုင်း
ဆွေးနွေးမှု အပြီးတွင် အတည် ပြု ထုတ်ပြန်ကြေညာခဲ့သည်ဟု သိ ရသည်။
.
အဆိုပါ အွန်လိုင်းဆွေးနွေးမှုတွင်
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်က မြန်မာ နိုင်ငံမှ လက်မှတ်ရေးထိုးထားပြီး လာ မည့်
၂၀၂၁ ခုနှစ်၊ ဇွန်လတွင် စတင်အ ကျုံးဝင်မည့် အနိမ့်ဆုံး အသက်အ ရွယ် သတ်မှတ်ချက် ကွန်ဗင်းရှင်း
၁၃၈ အကောင်အထည်ဖော်မှုနှင့် ပတ် သက်သည့် အခြေခံအုတ်မြစ်များ တည်ဆောက်ခြင်း
ဆိုင်ရာများ ဆွေး နွေးခဲ့ကြသည်ဟု သိရသည်။
“အသက် ၁၄ နှစ်အောက်က လေးတွေ အခြေခံပညာရေးကို ရရှိခွင့်၊ အသက်၁၄ ကနေ ၁၈
နှစ်အတွင်း အ လုပ်လုပ်နေတဲ့ ကလေးတွေ အချိန် ပိုင်း ပညာသင်ခွင့် အခွင့်အရေးများ
ဖန်တီးပေးရေး၊ သင်ယူခဲ့တဲ့ အတတ် ပညာတွေကို သင့်လျော်တဲ့ အသက် မွေးဝမ်းကြောင်း
အလုပ်အကိုင် ရရှိ ရေများအပြင် သူတို့ရဲ့အလုပ် အကိုင် များဟာ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်း
ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက် စေရေးအတွက် အကာအကွယ် ပေး ရေး၊ လူမှုကာကွယ်စောင့်
ရှောက်ခွင့် ရရှိရေးကို အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမားတွေအားလုံး ပူးပေါင်းဆောင်
ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်”ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားများအ
ဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်က ပြော သည်။
.
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမား သမဂ္ဂများအဖွဲ့ချုပ် အနေဖြင့် အနိမ့်ဆုံး
အလုပ်လုပ်သည့် အသက် အရွယ် ဆိုင်ရာ ILO ပြဋ္ဌာန်းချက် အ မှတ် (၁၃၈) ကို မြန်မာနိုင်ငံက
အ တည်ပြု လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ၂၀၂ဝ ပြည့်နှစ်၊ ဇူလိုင် လ ၃၀
ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ရာ ယင်းကြေညာချက်တွင် ကလေး
သူ ငယ်များအား အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေမှုပြုလုပ်ခြင်းမှ ကာကွယ်ရန်
နှင့် အဆိုးရွား ပုံစံဖြင့်ခိုင်းစေခြင်း လုံးဝအပြီးသတ် ပပျောက်ရေးဆိုင် ရာ ILO
ပြဋ္ဌာန်းချက်အမှတ်
(၁၈၂)ကို အတည်ပြုလက်မှတ် ရေးထိုးခဲ့သ ဖြင့် ပြဌာန်းချက် ၂ ခုလုံး ကို လက် မှတ်
ရေးထိုးနိုင်ခဲ့ခြင်း အတွက် အသိ အမှတ်ပြုကြောင်း ဖော်ပြပါရှိသည်။
.
ကလေးသူငယ် အခွင့်အရေး ဥပ ဒေနှင့် တည်ဆဲအလုပ်သမားများ ဥပ ဒေများ၏
ပြဋ္ဌာန်းချက်များအရ မြန် မာ နိုင်ငံတွင်အလုပ်လုပ်နိုင်သော အ နိမ့်ဆုံး
အလုပ်လုပ်နိုင်သော အသက် အရွယ်မှာ ၁၄ နှစ်ဖြစ်ပြီး ကွန်ဗင်းရှင်း ၁၃၈ အရ နိုင်ငံ
တစ်နိုင်ငံ၏ စီးပွား ရေးနှင့် ပညာရေးဆိုင်ရာ အထောက် အပံ့များသည်
လုံလောက်စွာဖွံ့ဖြိုးမှု မရှိပါက အလုပ်သမား၊ အလုပ်ရှင် အဖွဲ့အစည်းများနှင့်
တိုင်ပင်ကာလုပ် ငန်းခွင်သို့ စတင်ဝင်ရောက် နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်ကို အသက်
၁၄ နှစ်မှ စတင်နိုင်ကြောင်း ဖော်ပြ ထားသည်။
.
ကွန်ဗင်းရှင်း (၁၈၂) အပြင် မြန် မာနိုင်ငံသည် ကလေးအလုပ် သမား ပပျောက်ရေးတွင်
အရေးကြီးသော တိုးတက်မှု တစ်ခုအနေဖြင့် ဇွန်လ ၈ ရက်က ကွန်ဗင်းရှင်း (၁၃၈) ကို
လက်မှတ် ထိုးခဲ့ခြင်းဖြစ်သည်။
.