ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင်
ဩဂုတ်လ ၁၉ ရက်၊ ညနေပိုင်းက ငွေကျပ် သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား
သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
ဩဂုတ်လ ၁၉ ရက်၊ ညနေ ၆ နာရီခွဲ အချိန် ခန့်က မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ
တာချီလိတ်မြို့၊ ပါလျှံ(၂)၊ ရန်အောင်မြေရပ်ကွက်တွင် ရန်အောင်မြေရပ်ကွက်ဘက်မှ
ပါဆပ်ရပ်ကွက်ဘက်သို့ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်နေ စိုင်းဆွေ စီးနင်း မောင်းနှင်လာသည့်
မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်မေးရာ မူးယစ်ဆေးဝါးများတင်ဆောင်လသည့်
တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်နေ စိုးမင်းနိုင်(ခ) အားဟူ
စီးနင်းမောင်းနှင်လာသော Crown
အမျိုးအစား မော်တော်ယာဉ်အား
ရှေ့ပြေးအဖြစ်မောင်းနှင်လာခြင်းဖြစ်ကြောင်းပေါ်ပေါက်၍ အဆိုပါမော်တော်ယာဉ် အား
တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်၊ လွန်းကျိုင်းရပ်ရှိ ရွာသစ်သွားလမ်းပေါ်တွင်
ဖမ်းဆီးရမိခဲ့ပြီးရှာဖွေရာ ယာဉ်ပေါ်ရှိဆာလာအိတ်အတွင်းမှ
ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း
၃၀၀၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တာချီလိတ်
မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့်
အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.