စိုင်းသိင်္ခသူ
.
တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်
ဩဂုတ်လ ၂၂ ရက်မှ ၂၉ ရက်အထိ ခရီးသွား လုပ်ငန်း (အခြေခံ) သင်တန်းကို ၈ ရက်ကြာ ဖွင့်လှစ်သင်ကြား
ပို့ချပေးခဲ့ကြောင်း သိရသည်။
.
.
COVID-19 ကပ်ရောဂါကြောင့် စီးပွားရေး ကျဆင်းလျက်ရှိသော တိုင်းဒေသကြီး/ပြည်နယ်များရှိ
ခရီးစဉ်ဒေသများတွင် ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ယင်းကဲ့သို့
COVID-19 Relief Package-1 ခရီးသွား လုပ်ငန်း အခြေခံသင်တန်းအား
ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ခရိုင်ရုံးခွဲ၏ ကြီးကြပ်မှုနှင့်
ခရီးသွားလုပ်ငန်းရှင်များအသင်း (တာချီလိတ်) တို့၏ ပါဝင်ပူးပေါင်းမှု တို့ဖြင့် ခရီးသွားလုပ်ငန်းတွင်
ပါဝင်ပတ်သက် ဆက်စပ်လျက်ရှိသည့် ဝါရင့် ဧည့်လမ်းညွှန်ဆရာများက သင်ကြားပို့ချပေးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
အဆိုပါသင်တန်းသို့ တာချီလိတ်မြို့မှ အနှေးယာဉ်လုပ်သားများ၊
ခေါင်းရွက်ဗျက်ထိုးဈေးသည်များ၊ လက်မှုပညာသည် များ စုစုပေါင်း ၂၀ ဦး တက်ရောက်ခဲ့ကြောင်း
သိရသည်။
.
သင်တန်းကာလအတွင်း သင်တန်းသားများအား တစ်ဦးလျှင် တစ်ရက် အနိမ့်ဆုံးလခလစာ
၄၈၀၀ ကျပ် နှုန်းဖြင့် လည်းကောင်း၊ သင်ကြားဆရာများကို တစ်ရက်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
.