မင်းမင်း
.
တာချီလိတ်မြို့၊ လွယ်စတုံကျေး ရွာ အနီးရှိ ကွင်းအမှတ် ၈၅၃၆
ပေါ် တွင် ဒေါ်နန်းခမ်းတစ်၏ နှစ် ၃၀ လုပ်ကိုင် ခွင့်ရ ၉၃ ဒသမ ၁၉ ဧက မြေယာနှင့် လ/န
၃၉ ရရှိပြီး ကွင်းအ မှတ် ၅၃ ရှိ မွေးမြူရေးငါးကန် ၃၁ ဒသမ ၃၇ ဧက အပေါ် နိုင်ငံတော်
သမ္မတရုံး၊ သုတေသနဌာန၊ သတင်း ပြန်ကြားရေးနှင့် တိုင်ကြားစာများ ဌာနကြီး၏
ထုတ်ပြန်ချက်ကို သွေဖည် ၍ ရှမ်းပြည်နယ် မြေစစ်ကော်မတီနှင့် အောက်ခြေ တာဝန်ရှိ ဝန်ထမ်းများမှ
ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိ သောကြောင့်ဟု ဆိုကာ နစ်နာခဲ့သူ များမှ ဩဂုတ်လ ၂၂
ရက်တွင် တောင် ကြီးမြို့ရှိ စိန့်ဂျိုးဇက်တွင် မီဒီယာ တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ
ပြန်လည် စိစစ်ရေးဗဟိုကော်မတီက ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် နိုင် ငံတော်
သမ္မတရုံး၊ သုတေသနဌာန၊ သတင်း ပြန်ကြားရေးနှင့် တိုင်ကြား စာများ ဌာနကြီး၏ စာအား
ရည်ညွှန်း ၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အ ခြားမြေများ သိမ်းဆည်းခြင်းခံရမှု များ
ပြန်လည် စိစစ်ရေးကော်မတီထံ သို့ လိပ်မူ၍ မြေယာ ပိုင်ရှင် ဒေါ်နန်း ခမ်းတစ်၏
ဆုံးရှုံးနစ်နာမှု များအား ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ စိ စစ်ဖြေရှင်းရန်
ညွှန်ကြားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် မြေနေရာ များ ရှားပါးလာသဖြင့် အစိုးရဌာန
ဆိုင်ရာ များအတွက် မြေနေရာ လိုအပ် လာပါက အသုံးပြုဆောင်ရွက်နိုင်ရေး အတွက်
ယင်းမြေများအား ရှမ်းပြည် နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲပိုင်ခွင့် ရှိ သော မြေအဖြစ်
သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
.
“ဗဟိုမြေစစ် ကော်မတီက သမ္မ တရုံးရဲ့ ညွှန်ကြားချက်နဲ့
မြေပိုင်ရှင် နစ်နာမှု မရှိဖို့အတွက်ဖြေရှင်းပေးဖို့ ညွှန်ကြားတာကို ရှမ်းပြည်နယ်
မြေ စစ်ကော်မတီနဲ့ အောက်ခြေဝန်ထမ်း တွေက ဥပဒေနဲ့ အညီ ဆောင်ရွက် ခြင်း မရှိတာဟာ
နစ်နာသူတွေကို မ တရား အနိုင်ကျင့်ရာ ရောက်ပါတယ်” ဟု မြေပိုင်ရှင် ဒေါ်နန်းခမ်းတစ်၏
General Power of Attorney ရရှိသူ
ဦးစိုင်းဆမ်က ပြောသည်။
.
ဒေါ်နန်းခမ်းတစ်သည် အဆိုပါ မြေယာများအား ၁၉၉၈ ခုနှစ်၊ ဧပြီလ
၂၄ ရက်တွင် နှစ် ၃၀ လုပ်ပိုင်ခွင့် ရရှိ ခဲ့ခြင်း ဖြစ်သော်လည်း ၂၀၁၁ ခုနှစ်၊
ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ် အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်
စီ(အရှေ့ပိုင်း)၏ ၁၉၅၃ ခုနှစ် လယ် ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥ ပဒေပုဒ်မ ၃၉
အရ မြေရိုင်းကို တိုး ချဲ့မြို့ ကွက်သစ်မြေအဖြစ် သတ် မှတ်သည့် နည်းလမ်းအတိုင်း
အသုံး ချရန် ဆင့်ဆိုခြင်း အမိန့်အရ ဒေသခံ အာဏာပိုင်များမှ ဒေါ်နန်းခမ်းတစ် ပိုင်
လယ်ယာမြေ အတွင်းသို့ ဥပဒေမဲ့ ကျူးကျော် ဝင်ရောက်ခဲ့ရာမှ စတင်၍ မြေယာ
ကျူးကျော်ခြင်း ပြဿနာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု မီဒီယာ တွေ့ဆုံ
ရှင်းလင်းပွဲတွင် နစ်နာသူဟု ဆိုသူများက ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ လယ်ယာမြေ ကျူး ကျော်ခြင်းအား နိုင်ငံတော်သမ္မတ
နှင့် သက်ဆိုင်ရာ ဌာနများသို့ တည် ဆဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဖြေရှင်း
ဆောင်ရွက်ပေးရန် တင်ပြ ခဲ့ရာ မူလမြေပိုင်ရှင်၏ ဆုံးရှုံးနစ်နာ မှုများကို
ဥပဒေနှင့် အညီ ဖြေရှင်း ဆောင်ရွက်ပေးရန် ရှမ်းပြည်နယ် အစိုးရနှင့် ရှမ်းပြည်နယ်
လယ်ယာ မြေနှင့် အခြားမြေများသိမ်းဆည်း ခြင်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီမှ
ဖြေရှင်းပေးရန် တာဝန်ရှိ သော်လည်း နိုင်ငံတော် သမ္မတရုံး၊ လယ်ယာမြေနှင့် အခြားမြေများ
သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီနှင့် ရှမ်းပြည် နယ်
အထူးစုံစမ်းစစ်ဆေးရေး ဦးစီး ဌာနတို့၏ စစ်ဆေးချက်များ၊ ဥပဒေ ကဲ့သို့ အာဏာတည်သော
အမိန့်၊ ညွှန် ကြားချက်များကို သွေဖည်ဆန့်ကျင် ကာ လယ်ယာမြေ ကျူးကျော်သူများ ကို
လ/န ၃၉ ထုတ်ပေး၍ အားပေး ကူညီနေသည်ဟု ၎င်းတို့က ဆက် လက် ပြောဆိုသည်။
.
ထို့အတူ မူလ မြေပိုင်ရှင် ဖြစ် သည့် ဒေါ်နန်းခမ်းတစ်သည်
ဥပဒေ ၏ အကာအကွယ်ကို မရရှိဘဲ ဆုံးရှုံး နစ်နာမှုများ ဖြစ်နေသည့်အတွက်
နိုင်ငံတော်သမ္မတ၊ ရှမ်းပြည်နယ် အ စိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန
တာဝန်ရှိသူများ အနေဖြင့် ဥပဒေနှင့် အညီ ဖြေရှင်း ဆောင်ရွက် ပေးစေလို သည်ဟုလည်း
ပြောဆိုခဲ့သည်။
.
အဆိုပါ မီဒီယာတွေ့ဆုံ ရှင်းလင်း ပွဲတွင်
ပြောဆိုမှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည် နယ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် အား
ဆက်သွယ်မေးမြန်းရာတွင် ဖုန်း ကိုင်ဆိုဖြေကြားခြင်း မရှိခဲ့ချေ။
.