တာချီလိတ်တွင် ငွေကျပ် ၉ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် ငွေကျပ် ၉ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ


မင်းဇော်မင်း
.
တာချီလိတ်မြိုန့ယ်၊ ဝိန်းကျောက်ရပ်ကွက်တွင် ယနေ့ ဩဂုတ်လ ၁၃ ရက်၊ နံနက်ပိုင်းက ငွေကျပ် ၉ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.

.
တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၁၃ ရက်၊ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်က တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ရွှေကမ္ဘာကားပြင်ဆိုင်ရှေ့၌ သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက် နေစဉ် တာချီလိတ်မြို့တွင်းမှ မောင်းနှင်လာသော Fontuner အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်အား စစ်ဆေးရန် တားမြစ်ရာ ယာဉ်မောင်းမှာ ယာဉ်အားရပ်တန့်ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး  အဆိုပါယာဉ်အားစစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းအတွင်းရှိ ဆာလာအိတ် ၁၅ အိတ်အတွင်းမှ အိုက်စ် ၃၇၅ ကီလိုဂရမ်၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၉ ဘီလီယံကျော်အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား တာချီလိတ် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
.

Journal Download

Photo of three cats