တာချီလိတ်တွင် ငွေကျပ် ၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် ငွေကျပ် ၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၌ ဩဂုတ် ၅ ရက်က ငွေကျပ် ၆ ဒဿ မ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း သိရသည်။
.

.
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၅ ရက်က တာချီလိတ်မြို့နယ်၊ ပန်ကူ(အခါ)ကျေးရွာအနီး လူ နေထိုင်ခြင်း မရှိသည့် အဆောက်အဦတစ်လုံးအားဝင်ရောက်ရှာဖွေရာ အဆောက်အဦအတွင်း မိုးကာဖြင့်အုပ်ထား သော အမေရိကန်နိုင်ငံလုပ် ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၇ တောင့်၊ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၇၃၀၀၀ ပြား၊ ပန်းရောင်၊လိမ္မော်ရောင်စိတ်ကြွဆေးမှုန့် ၃၄၀ ကီလိုဂရမ်ခန့်၊ ကဖင်း အဖြူရောင်အမှုန့် ၆၀၀ ကီလိုဂရမ်ခန့်၊ စုစုပေါင်းမူးယစ်ဆေးဝါးများ၏ခန့်မှန်းတန်ဖိုး ကျပ် ၆ ဒဿမ ၃ ဘီလီယံ ကျော်နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသောဆက်စပ်ပစ္စည်းများကို တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
.
ဖမ်းဆီးရမိသော လက်နက်၊ခဲယမ်းများ၊မူးယစ်ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများအား တာချီလိတ်မြို့နယ်၊ မူးယစ်တပ်ဖွဲ့စုသို့ လွှဲပြောင်းထားကြောင်း သိရသည်။
.

Journal Download

Photo of three cats