မင်းမင်း
.
တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်တွင် အသက် ၁၇ နှစ်အရွယ်
သမီးဖြစ်သူအား အကြိမ်ကြိမ် သားမယား အဖြစ် ပြုကျင့်ခဲ့သည့် ခင်ပွန်းကို အရေးယူပေးရန်
ဇနီးဖြစ်သူက ဇူလိုင်လ ၃၁ ရက်တွင် တာချီလိတ် မြို့မရဲစခန်း၌ အမှုဖွင့် တိုင်တန်းမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်-ငွေစေတီလမ်းနေ
အသက် ၃၆ နှစ်အရွယ် အမျိုးသမီးသည် ဇူလိုင်လ ၃၀ ရက်၊ ညပိုင်းက နေအိမ်၌ရှိနေစဉ် အငယ်ဆုံး
သမီးမှ ဖခင်ဖြစ်သူ၏ ရိုက်နှက်ခြင်းကို မခံနိုင်သည့်အတွက် နေအိမ်တွင် ဆက်လက်နေထိုင်လိုခြင်း
မရှိကြောင်းနှင့် အသက် ၁၇ နှစ်အရွယ် ၎င်း၏ အစ်မဖြစ်သူကိုလည်း ဖခင်မှ သားမယားအဖြစ် အကြိမ်ကြိမ်
ပြုကျင့်ကြောင်း တိုင်တန်း ပြောဆိုသဖြင့် သမီးကြီးဖြစ်သူအား မေးမြန်းရာ နေအိမ်၌ မိခင်နှင့်
ညီမလတ်၊ မောင်အငယ်တို့ မရှိချိန်တွင် ဖခင်ဖြစ်သူမှ ၎င်းအား အသက် ၁၁ နှစ်မှ စတင်၍ ယနေ့အချိန်ထိ
အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရ သဖြင့် ခင်ပွန်းဖြစ်သူအား အရေးယူပေးရန်
တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအမျိုးသမီးနှင့် ခင်ပွန်းသည် သမီး ၂ ဦး၊ သား ၁ ဦးတို့နှင့်အတူ
တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်တွင် နေထိုင်ပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့
သွားရောက်၍ ဒေသထွက် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ ရောင်းဝယ်ခြင်း လုပ်ငန်း
လုပ်ကိုင်ကာ မိခင်ဖြစ်သူ ဈေးရောင်းသွားနေချိန်၊ သမီးငယ်နှင့် သားငယ် မရှိချိန်၌ သမီးကြီး
ဖြစ်သူအား အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ တိုင်တန်းမှုနှင့် ပတ်သက်၍ ကျူးလွန်သူ ဝမ်ဝေဖျင်းအား
တာချီလိတ်မြို့မရဲစခန်းမှ (ပ) ၂၀၈/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ တရားစွဲဆိုနိုင်ရေး
စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.