တာချီလိတ်တွင် မော်တော်ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် မော်တော်ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၃)၊ တရုတ်ဘုံကျောင်းအနီး၌ ဩဂုတ်လ ၃ ရက်၊ နေ့လယ်ပိုင်းက အရှိန်ပြင်းစွာ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တစ်စီး တိမ်းမှောက်ပြီး တစ်ဦး သေဆုံး၍ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.

.
တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)၊ တရုတ်ဘုံကျောင်းအနီးတွင် ဩဂုတ်လ ၃ ရက်၊ နေ့လယ် ၂ နာရီခန့်က ပါလျှံလမ်းဆုံ မီးပွိုင့်ဘက်မှ တရုတ်ဘုံကျောင်းဘက်သို့ ယောန မောင်းနှင်ပြီး နောက်တွင် မောင်လုကာ လိုက်ပါစီးနင်းလာသော ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းချော်၍ ဘေးဒရွတ်တိုက်ဆွဲကာ လမ်းတစ်ဖက်ယာဉ်ကြော အတွင်း ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊။
.
အဆိုပါ မော်တော်ဆိုင်ကယ် တိမ်းမှောက်မှုကြောင့် ယောနနှင့် လုကာတို့တွင် ဒဏ်ရာများ အသီးသီးရရှိကာ တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထိုမှ တစ်ဆင့် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ နောက်မှ လိုက်စီးသူ လုကာ (၁၉ နှစ်) သည့် ရရှိသည့် ဒဏ်ရာများဖြင့် လမ်းတွင် သေဆုံးခဲ့ပြီး ယောနအား ကျိုင်းတုံပြည့်သူဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
.
ယာဉ်တိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယောန (၁၉ နှစ်)အား တာချီလိတ်မြို့မရဲစခန်းက ယာဉ်(ပ)၃၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.

Journal Download

Photo of three cats