မိုင်းယောင်းတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး Talk Show ဆွေးနွေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး Talk Show ဆွေးနွေး


အားချာ
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ဩဂုတ်လ ၂၈ ရက်၊ ညနေပိုင်းက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး Talk Show ဆွေးနွေးခဲ့သည်ဟု သိရသည်။
.
.
ဆွေးနွေးပွဲတွင် မိုင်းယောင်းမြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးနှင့် ပတ်သက်၍ မြို့နယ်အတွင်း ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှုကြောင့် ဖြစ်ပေါ်စေနိုင်သော ကျန်းမာရေး ဆိုးကျိုးများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးက ဆေးလိပ်နှင့် ဆေးရွက်ကြီး ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို လည်းကောင်း၊ ဒုတိယစခန်းမှူး ရဲအုပ် အောင်ကျော်နိုင်က ဆေးလိပ်မသောက်သုံးသင့်သည့် ကန့်သတ်နေရာများနှင့် အရေးယူ အပြစ်ပေးခြင်း ဆိုင်ရာများကို လည်းကောင်း အကျယ်အဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.

Journal Download

Photo of three cats