မယ်စု
.
၂၀၂၀-၂၀၂၁ ပညာသင်နှစ် အ ခြေခံပညာ အလယ်တန်းနှင့် မူလ
တန်းအဆင့်များကို ဇူလိုင်လ ၂၇ ရက် မှ စတင်၍ ကျောင်းအပ် လက်ခံပြီး ၂ ပတ်ခြားစီ
ဖွင့်လှစ်ရန် မူလသတ် မှတ်ထားသည့် အစီအစဉ် ပျက်ပြယ် သွားပြီဖြစ်ပြီး ယင်း
အတန်းများအ တွက် ကျောင်းဖွင့်မည့်ရက် အတိအ ကျသိရှိရခြင်း မရှိသေးကြောင်း ရှမ်း
ပြည်နယ် အစိုးရအဖွဲ့ထံက သိရ သည်။
.
.
“ပထမကြေညာထားတဲ့
အစီအ စဉ်ကတော့ ပျက်သွားပြီ။ ပြန်ဖွင့်မယ့် ရက် တိတိကျကျ ကြေညာထားတာ မရှိသေးပါဘူး။
လက်ရှိ အထက်တန်း အဆင့်မှာတောင် A
အဆင့် ကျောင်း တွေက ဖွင့်နေပြီ။ B အဆင့်၊ C
အဆင့် ကျောင်းတွေ မဖွင့်ရသေးဘူး။ အဲဒါ တွေ ဖွင့်နိုင်အောင် သက်ဆိုင်ရာတွေ နဲ့
ညှိနှိုင်းနေတယ်။ အဲဒါအားလုံးဖွင့် နိုင်မှ အလယ်တန်းအဆင့်တွေ ဖွင့် နိုင်မယ်လို့
ပညာရေးဝန်ကြီးဌာနက ကြေညာထားတယ်”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်
လူမှုရေးဝန် ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာ အထက်တန်းအဆင့်
စာသင်နှစ်များကို ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်က စတင် ဖွင့်လှစ်သင်ကြား
နေခြင်းဖြစ်ပြီး ထိုသို့ ဖွင့်လှစ်ရာတွင် A အဆင့် ကျောင်းများသာ ဖွင့်လှစ်နိုင် သေးခြင်း ဖြစ်ကြောင်း
သိရသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ အခြေခံ ပညာ မူလတန်းအဆင့် ကျောင်းသား/
သူများအား ကျောင်းသုံးပုံနှိပ်စာအုပ် များနှင့် မူလ ကျောင်းသားတစ်ဦး လျှင်
ဗလာစာအုပ် တစ်ဒါဇင်ကို အ ခြေခံပညာ ဦးစီးဌာနမှ ပေးအပ်သွား မည်ဖြစ်ပြီး
အလယ်တန်းအဆင့်များ ကိုလည်း ပေးအပ်နိုင်ရေးစီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်၌ ၂၀၁၉-၂၀၂၀ ပ ညာ သင်နှစ်က အထက်တန်းကျောင်း ၂၇၂
ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) ၁၉၀ ကျောင်း၊ အလယ်တန်း ကျောင်း ၂၈၁ ကျောင်း၊
အလယ်တန်း ကျောင်း(ခွဲ) ၃၄၀ ကျောင်း၊ မူလတန်း လွန်ကျောင်း ၇၉၃ ကျောင်း၊ မူလ
တန်းကျောင်း ၃၈၀၂ ကျောင်း၊ မူလ တန်း ကျောင်း (ခွဲ) ၇၀၁ ကျောင်း၊ တွဲ ဘက်
မူလတန်းကျောင်း ၁၂ ကျောင်း ရှိပြီး စုစုပေါင်း ၆၃၉၁ ကျောင်း ရှိခဲ့ ကြောင်း
သိရသည်။
.