SSPP/SSA နယ်မြေအတွင်း၌ နိုင်ငံရေးပါတီများ လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီး ပြည်သူများ လွတ်လပ်စွာ မဲပေးခွင့် ရှိဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

SSPP/SSA နယ်မြေအတွင်း၌ နိုင်ငံရေးပါတီများ လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီး ပြည်သူများ လွတ်လပ်စွာ မဲပေးခွင့် ရှိဟု ဆို


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အတွင်းရှိ  SSPP/SSA  ၏ လှုပ်ရှားထိန်းချုပ် နယ်မြေများအတွင်းလာမည့်ရွေးကောက်ပွဲ ကာလတွင် နိုင်ငံရေးပါတီများ လွတ်လပ်စွာ လုပ်ဆောင်နိုင်သည့်အပြင် ဒေသခံပြည်သူများလည်း လွတ်လပ်စွာ မဲပေးခွင့် ရှိသည်ဟု SSPP/SSA  မှ ဆက်ဆံရေးအဖွဲ့ဝင် ဗိုလ်မှူး စိုင်းဘုန်းဟန်ထံမှ သိရသည်။
.

ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားတာ ရှိပြီးသား၊ ကန့်သတ်ချက်တွေ မရှိပါဘူး၊ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီတွေ၊ ပြည်သူတွေ လွတ်လပ်စွာ မဲပေးဖို့ လုပ်ဆောင်နိုင်ဖို့ အရင်ကအတိုင်း လွတ်လပ်စွာ မဲပေးခွင့် ရှိပါတယ်၊ ဘယ်ပါတီကို မဲပေးရမယ်၊ ဘယ်ပါတီကို မဲမပေးရဘူးလို့ မရှိပါဘူး။” ဟု ဗိုလ်မှူး စိုင်းဘုန်းဟန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
SSPP/SSA လှုပ်ရှားနယ်မြေများ ဖြစ်သည့် ကျောက်မဲ၊ လားရှိုး၊ မူဆယ်၊ နမ့်ခမ်းကျေးသီး၊ မိုင်းရှုး၊ တန့်ယန်း၊ မိုင်းရယ်တွင် ဆန္ဒမဲ ပေးခွင့်ရှိသူ ၂ သိန်းကျော် ရှိကာ SSPP/SSA  ဌာနချုပ် တည်ရှိသည့် ဝမ်ဟိုင်း အပါအဝင် ကျေးသီးမြို့နယ်တွင် မဲပေးပိုင်ခွင့် ရှိသူ ၆၀၀၀၀ ကျော် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
.
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က အထွေထွေရွေးကောက်ပွဲတွင် မိုင်းရှူးမြို့နယ်နှင့် ကျေးသီးမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွား နေသဖြင့် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်း မရှိဘဲ ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှသာ ပြုလုပ်နိုင်ခဲ့သည်။

Journal Download

Photo of three cats