စိုင်းသိင်္ခသူ
.
ရှမ်းပြည်တိုးတက်ရေးပါတီ(Shan State Progress Party) တည်ထောင်ခြင်း ၄၉
နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား သြဂုတ်လ ၁၆ ရက်က ဝမ်ဟိုင်းဌာနချုပ်တွင်
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကို ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၁၆
ရက်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ယခု ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၆ ရက်တွင် ၄၉ နှစ်ပြည့်
အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း
သိရသည်။
.
“ အခမ်းအနားမှာတော့ နာယကကြီး ဗိုလ်ချုပ်ကြီး ဆေထင်က
ပါတီ ပေါ်ပေါက်လာပုံနဲ့ သမိုင်းကြောင်းကို
ဖတ်ကြားခဲ့ပါတယ်။ အားလုံး ၁၅၀၀ လောက် တက်ရောက်ပါတယ်။” ဟု SSPP/SSA မှ ပြန်ကြားရေး
ဗိုလ်မှူး စိုင်းဘုန်းဟန်က ပြောသည်။
.
SSPP/SSA အနေဖြင့် ယခင် အစိုးရလက်ထက်က ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးထားသော်လည်း
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကိုမူ လက်မှတ်ရေးထိုးခြင်း မရှိသေးဘဲ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး
ညှိနှိုင်းရေးကော်မတီ(FPNCC) တွင် အဖွဲ့ဝင် ဖြစ်သည်။
.
FPNCC အဖွဲ့ဝင် မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့သည်
မကြာမီ ကျင်းပ ပြုလုပ်မည့် ၂၁ ရာစုပင်လုံ
ငြိမ်းချမ်းရေးညီလာခံ စတုတ္ထအကြိမ် အစည်းအဝေးသို့ မတက်ရောက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။