ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ လာမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို ယနေ့ (ဩဂုတ်လ ၇ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ SNLD လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းတွင်
ပြည်သူ့လွှတ်တော်အတွက် ၃၈ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်များအတွက်
၇၉ နေရာ၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များအတွက် နေရာ၊ စုစုပေါင်း မြို့နယ် ၄၅ ခုရှိ
မဲဆန္ဒနယ် ၁၃၂ နေရာတွင် ပါဝင် ယှဉ်ပြိုင်သွားမည်ဟု ဖော်ပြပါရှိသည်။
.
ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းတွင်
SNLD ဒုဥက္ကဌ(၂) ဦးခင်မောင်ညွန့် (ခ) စိုင်းခမ်းပိုင်ဖ နှင့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များ
အပြင် လူငယ် ပါတီဝင်များလည်း ပါဝင်လာကြောင်း သိရသည်။
.
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၂ ခုနှစ်၊ ဇွန်လ
၁၂ ရက်တွင် ပါတီအမှတ်စဉ် ၅၆ ဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)အား
ပါတီမှတ်ပုံတင် ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ပါတီဥက္ကဌမှာ ခွန်ထွန်းဦး ဖြစ်ကာ ဒုဥက္ကဌမှာ
စိုင်းညွန့်လွင် ဖြစ်ကြောင်း သိရသည်။