စိုင်းကျော်မောင်
.
အာဆီယံနိုင်ငံ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကျွန်းနိုင်ငံစင်္ကာ
ပူသည် အနောက်နိုင်ငံများစွာတို့၏ ယုံကြည်လေးစားမှုကို ရရှိ ထားသကဲ့သို့ တရုတ်နှင့်လည်း
ဆက်ဆံရေးသည် ရွှေလမ်းငွေ လမ်းပမာ ဖြောင့်ဖြူးလျက်ရှိသည်။ ယခုအခါ ယင်းယုံကြည် လေးစားမှုကို
ပျက်ယွင်းပျောက်ကွယ်စေမည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ယင်းသည်ကား ယခုသီတင်းပတ်အ
တွင်း စင်္ကာပူနိုင်ငံသား အသက် ၃၉ နှစ်အရွယ်ရှိ ကျန်ဝေယို သည် အမေရိကန် တရားရုံးတွင်
မိမိသည် တရုတ်အစိုးရ၏ သူ လျှိုဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ရာ အမေရိကန်-တရုတ်စစ်အေး
တိုက်ပွဲ၌ စင်္ကာပူနိုင်ငံသားများသည် တရုတ်၏ အသုံးချခံ ဖြစ် နေပြီလောဟူသည့် သံသယများ
ကြီးထွားလာခဲ့တော့သည်။
.
ကျန်ဝေယို
စင်္ကာပူနိုင်ငံသား ကျန်ဝေယိုသည် ဘွဲ့ရပညာတတ်တစ်ဦး ဖြစ်သော်လည်း
တရုတ်အစိုးရ၏ သူလျှိုပြုလုပ်ပေးမှုဖြင့် လာ မည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် စီရင်ချက်ချမှတ်ခံ ရမည်ဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ်ထိပင် ချမှတ်ခံရနိုင်ချေ
ရှိနေ သည်။ ကျန်ဝေယိုကို အမေရိကန် အာဏာပိုင်များက ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစ၍ မိမိတို့သတိထား
စောင့်ရှောက်လျက်ရှိ ကြောင်း အစိုးရအနေဖြင့် ကျန်ဝေယိုကို အကြံဉာဏ်များပေးကာ ကူညီလျက်ရှိကြောင်း
စင်္ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက ၂၆-၇-၂၀၂၀ ရက်နေ့တွင် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
.
၂၀၁၆ ခုနှစ်တွင် ကျန်ဝေယိုသည် အရှေ့တောင်နိုင်ငံများ၏ သမိုင်းနှင့်
နိုင်ငံရေးကဏ္ဍများ ဟောပြောရန် ဘေဂျင်းမြို့၌ ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုသို့ တက်ရောက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကာလတွင် တရုတ်ထောက်လှမ်းရေးများသည် ကျန် ဝေယိုအား သူလျှိုတစ်ဦးအဖြစ်
အောင်မြင်စွာ စည်းရုံးသိမ်းသွင်း နိုင်ခဲ့သည်။ ကျန်ဝေယိုသည် အမေရိကန် ပြည်ထောင်စုသို့
၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ပြောင်းရွှေ့လာခဲ့သည်ဟု အမေရိ ကန်တရားရုံး၏ စစ်ဆေးချက်အရ
သိရသည်။
.
အရူးတစ်ကောင်
စင်္ကာပူသံအမတ်ဟောင်းနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဘီလာပဘရီက
လူမှုကွန်ရက်တွင် `ဒီလိုအရူးတစ်ကောင် ကြောင့် စင်္ကာပူနိုင်ငံသား အားလုံးကို သံသယမျက်လုံးတွေနဲ့
စောင့်ကြည့်ခံရတော့မယ်`ဟူ၍ ရေးသားပြောဆိုခဲ့သည်။ တ ရုတ်ထောက်လှမ်းရေးများသည် တရုတ်အခြေစိုက်
မဟာဗျူ ဟာလေ့လာရေး အဖွဲ့များထဲတွင် ပါဝင်လာစေရန် ကျန်ဝေယို အား စတင်ကမ်းလှမ်းခဲ့သည်။
ထို့နောက် နိုင်ငံရေးသတင်းများ သတင်းအချက်အလက်များ အစီရင်ခံပါက ငွေကြေးမြောက်များ စွာ
ထောက်ပံ့ပေးမည်ဟုဆိုကာ တစ်ဆင့်တိုး၍ ကမ်းလှမ်းစည်း ရုံးခဲ့သည်။ မိမိအားအလုပ်ကမ်းလှမ်းသူများသည်
တရုတ် ထောက်လှမ်းရေးများ ဖြစ်ကြောင်းကို ကျန်ဝေယိုက နောက်ပိုင်း ကာလတွင်မှ သိရှိခဲ့ရသည်။
.
ဖုန်းနံပါတ်အမျိုးမျိုး
ကျန်ဝေယိုသည် အရှေ့တောင် အာရှနိုင်ငံ အာဆီယံနိုင်ငံ ရေး၊ စီးပွားရေးနှင့်
သံတမန်ရေးရာ အခြေအနေများကို တရုတ် အစိုးရအတွက် စုံစမ်းထောက်လှမ်းပေးခဲ့သည်။ ထို့နောက်
အ မေရိကန် ပြည်ထောင်စု၌ ပြောင်းလဲတာဝန်ထမ်းဆောင်ရန် တ ရုတ်ထောက်လှမ်းရေးများက ညွှန်ကြားပေးခဲ့ခြင်းဖြစ်သည်။
အ မေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချရာတွင် ကျန်ဝေ ယိုအတွက် စားဝတ်နေရေး အဆင်ပြေစေရန်
၎င်းကိုကြီးကြပ်ရ သော ထောက်လှမ်းရေးအရာရှိက ဘဏ်အကောင့်တစ်ခု ဖွင့် ပေးခဲ့သည်။ မိမိတို့ကို
ဆက်သွယ်အစီရင်ခံမည်ဆိုပါက အမေရိ ကန် အာဏာပိုင်များ ရိပ်မိနိုင်ခြင်း မရှိစေရန် ဖုန်းနံပါတ်အမျိုး
မျိုးကို ပြောင်းလဲအသုံးပြုရန်လည်း အထူးသတိပေးခဲ့သည်။ ကျန်ဝေယိုသည် အကြံပေးလုပ်ငန်းနှင့်
စီးပွားရေးကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်သည့် Linked In ကို အသုံးပြုကာ ငွေကြေးအ ဆင်မပြေသော၊
အလုပ်အကိုင် အဆင်မပြေသော အမေရိကန် နိုင်ငံသားများနှင့် ဆက်နွယ်ပြီး ငွေကြေးများပေးကာ
သတင်း များကို ထောက်လှမ်းရယူသည်။ ကျန်ဝေယိုက ချိတ်ဆက်မိ သည့် အမေရိကန်နိုင်ငံသားများထဲတွင်
အမေရိကန်စစ်တပ် ဂျက်လေယာဉ် တီထွင်ထုတ်လုပ်ရေး စီမံကိန်းတစ်ခုမှ အဆင့် မြင့်အရပ်သား
အရာရှိတစ်ဦးပါဝင်နေသည်ကို တွေ့ရှိရသည်။
.
လီကွမ်ယု ပြည်သူ့မူဝါဒရေးရာ တက္ကသိုလ်မှ
စင်္ကာပူ လီကွမ်ယု ပြည်သူ့မူဝါဒ တက္ကသိုလ်မှ ပါရဂူဘွဲ့အ တွက် ကျမ်းပြုစုရာတွင်
ကြီးကြပ်ခဲ့သည့် ကျန်ဝေယို၏ ဆရာ ရင်း မစ္စတာဟွမ်ကျင်းသည် အမေရိကန်နိုင်ငံအား တရုတ်လူ
မျိုးဖြစ်သည့် ဟွမ်ကျင်းသည် နိုင်ငံခြားအစိုးရတစ်ရပ်၏ သူလျှို ဖြစ်ကြောင်း ၂၀၁၇ ခုနှစ်တွင်
စင်္ကာပူအာဏာပိုင်များ၏ စွပ်စွဲ ခြင်းကို ခံခဲ့ရဖူးသည်။ ဟွမ်ကျင်းသည် သူလျှိုအမှုဖြင့်
အပြစ် ပေးခြင်း မခံရသော်လည်း စင်္ကာပူမှ ပြည်နှင်ဒဏ်အပြစ်ကို ခံခဲ့ ရသည်။ လက်ရှိတွင်
ပေကျင်းမြို့တော်၌ အလုပ်လုပ်ကိုင်လျက် ရှိသော ဟွမ်ကျင်းက မိမိ၏တပည့်ဟောင်းဖြစ်သည့်
ကျန်ဝေယို ၏ သတင်းအချက်အလက်ကို ကြားမိသောအခါ ထိတ်လန့်မိ သကဲ့သို့ ဝမ်းလည်းသာမိသည်ဟု
ပြောဆိုသည်။ ဆက်လက်၍ လည်း ကျန်ဝေယိုသည် စိတ်ဓာတ်ပျော့ညံ့သူ တစ်ဦးဖြစ်ပြီး မည်သူ့ကိုမဆို
အစဉ်အမြဲအထင်ကြီး လေးစားတတ်ကာ ထိုသူ များ၏ စည်ရုံးသိမ်းသွင်းမှုကို ယုံကြည်လွယ်ကြောင်း
မှတ်ချက် ပေးသုံးသပ်ထားသည်။ ကျောင်းနေဖက်ဟောင်း ၂ ဦးကလည်း ကျန်ဝေယိုသည် စင်္ကာပူနိုင်ငံ၏
သံအမတ်တစ်ဦးဖြစ်လာရန် ရည်ရွယ်၍ ကြိုးစားအားထုတ်ခဲ့သော်လည်း စင်္ကာပူအစိုးရမှ နေရာမပေးခဲ့သောကြောင့်
ဤကဲ့သို့သူလျှိုဘဝသို့ ရောက်ရှိ သွားရခြင်းဖြစ်ကြောင်း ဝမ်းနည်းစကား ဆိုခဲ့သည်။
.
အာရှတိုက်၏ ဆွစ်ဇာလန်
ဆွစ်ဇာလန်သည် ကြားနေဝါဒကျင့်သုံးသော နိုင်ငံအဖြစ် ကမ္ဘာ့အလယ်၌
နာမည်ကောင်းရရှိထားသော နိုင်ငံဖြစ်သည်။ ထိုနည်းတူ အာရှတိုက်ရှိ စင်္ကာပူသည်လည်း အာရှတိုက်၏
ဆွစ်ဇာလန်အဖြစ် ရပ်တည်လျက်ရှိကြောင်း ကမ္ဘာမှအသိအ မှတ်ပြုထားသည်။ စင်္ကာပူပြည်ထဲရေး
ဝန်ကြီးဌာနမှ ဝန်ကြီး ယောင်လွေဟိုးက ကျန်ဝေယို၏ အမှုသည် မိမိတို့နိုင်ငံအား တိုက်ရိုက်ထိခိုက်လာနိုင်စေသည့်
အကြောင်းချင်းရာ မရှိဟုဆို သည်။ သို့သော်စင်္ကာပူနိုင်ငံသား စစ်စစ်တစ်ဦးမှ တရုတ်အစိုးရ
၏ သူလျှိုဖြစ်သွားရခြင်းသည် စင်္ကာပူအတွက် လွန်စွာရင်နာရ သကဲ့သို့ စင်္ကာပူ၏ ကြားနေနိုင်ငံခြားရေးမူဝါဒ
ပုံရိပ်အား အ နည်းနှင့်အများ ဆိုသလို ထိခိုက်စေသည်ဟု သုံးသပ်ထား သည်။
.
စီးပွားရေး၊ စစ်ရေးစသည်ဖြင့် ဘက်ပေါင်းစုံတွင် အမေရိ ကန်နှင့်
ဆက်ဆံရေး တင်းမာနေသော တရုတ်အစိုးရက ကျန် ဝေယိုသည် မိမိတို့၏ သူလျှိုမဟုတ်ကြောင်း အမေရိကန်ကသာ
မိမိတို့၏ အမည်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်နေခြင်းသာ ဖြစ် ကြောင်း တုံ့ပြန်ပြောဆိုထားသည်။
တရုတ်-အမေရိကန် ဆက် ဆံရေးသည် ယခင်သီတင်းပတ်ထဲတွင် ကောင်စစ်ဝန်ရုံးများ အပြန်အလှန် ပိတ်သိမ်းစေခြင်းဖြင့်
ပိုမိုဆိုးရွားလာခဲ့သည်။ အ မေရိကန်သည် ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးအား သူ လျှိုဌာနချုပ်ဟူ၍
စွပ်စွဲကာ ပိတ်သိမ်းစေခဲ့သည်။ တရုတ်က လည်း ချန်ဒူမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို
ပိတ်သိမ်းစေ ခြင်းဖြင့် ချက်ခြင်းလက်တုံ့ပြန်ခဲ့သည်။
.
တရုတ်၏ အသုံးချခံဖြစ်နေပြီ
စင်္ကာပူတွင် စင်္ကာပူနိုင်ငံသား တရုတ်လူမျိုး များပြားစွာရှိ
နေသည်။ စင်္ကာပူသည် ဂုဏ်သိက္ခာမြင့်မားသည့် ဖွံ့ဖြိုးပြီး နိုင်ငံ ဖြစ်ရာ စင်္ကာပူနိုင်ငံသားများသည်
ကမ္ဘာ့နိုင်ငံအားလုံးနီးပါးသို့ လွယ်ကူစွာ
ဝင်ထွက်သွားလာခွင့်ရှိသည်။ တရုတ်အစိုးရထောက် လှမ်းရေးများသည် အဆိုပါအချက်အား အသုံးပြုကာ
စင်္ကာပူနိုင် ငံသား တရုတ်လူမျိုးများကို သူလျှိုအဖြစ်စည်းရုံးသိမ်းသွင်း နေ ခြင်းဖြစ်နိုင်သည်ဟု
အနောက်နိုင်ငံအများစုမှ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ လေ့လာရေးအဖွဲ့များက သုံးသပ်နေကြသည်။
.
အမေရိကန်အား ဗတ်ယန်ချင်းတက္ကသိုလ်မှ ပါမောက္ခတစ်ဦး ဖြစ်သူ ဆရာချူကျာအန်းက
စင်္ကာပူဟာ တရုတ်၏ အသုံးချခံ ဖြစ်နေရပြီဟု ယူဆရမလို ဖြစ်နေတဲ့အတွက် စင်္ကာပူနိုင်ငံသား
တွေဟာ ပိုပြီးသံသယကိုကြီးထွားလာစေတော့မယ်ဟု ပြောဆို သည်။ စင်္ကာပူအစိုးရအနေဖြင့် အမေရိကန်နှင့်
တရုတ်ကြား တွင် မည်သည့်ဘက်ကမျှ ဘက်မလိုက်ဘဲ ကြားနေရန် ပိုမို ခက်ခဲလာတော့မည်ဟုလည်း
သုံးသပ်ထားသည်။ တိုင်းပြည်အ တွက် ချမ်းသာကြွယ်ဝမှု၊ နိုင်ငံတကာ ဘဏ္ဍာရေးဗဟိုအဖြစ် တည်ရှိနေမှု၊
ဘက်မလိုက် ကြားနေဝါဒ ကျင့်သုံးမှုစသည်တို့ ကြောင့် အာရှတိုက်၏ ဆွစ်ဇာလန်အဖြစ် တင်စားခံနေရသည်။
စင်္ကာပူသည် နိုင်ငံရေးတည်ငြိမ်သည့် နိုင်ငံလည်းဖြစ်သည်။
.
အာရှနိုင်ငံ အများအပြားကဲ့သို့ပင် စင်္ကာပူ၏ အဓိကကုန် သွယ်ဖက်
နိုင်ငံသည် တရုတ်ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ထုတ် ပြန်သော အစီရင်ခံစာ တစ်ခုအရ စင်္ကာပူတက္ကသိုလ်များသည်
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ သုတေသန ပ ညာရှင်များနှင့် ရင်းနှီးသော ဆက်ဆံရေး
ရှိသည်ဟု သိရသည်။
.
စင်္ကာပူနိုင်ငံသားများ၏ ၇၅ ရာခိုင်နှုန်းသည် တရုတ်လူမျိုး များဖြစ်သည်။
တရုတ်သည် စင်္ကာပူရှိ စီးပွားရေး အသင်းအဖွဲ့ များ၊ အဖွဲ့အစည်းပေါင်းစုံများမှ တစ်ဆင့်
စင်္ကာပူနိုင်ငံသား တ ရုတ်လူမျိုးများကို သြဇာလွှမ်းမိုးနိုင်ရန် ကြိုးစားလာသည်ဟု လည်း
အမေရိကန်အခြေစိုက် လေ့လာရေး အဖွဲ့တစ်ခုက ယ ခင်နှစ်များထဲတွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
.
စင်စစ်တွင်
စင်္ကာပူသည် နိုင်ငံပေါင်းစုံမှ သူလျှိုများခြေချင်း လိမ်ရာ ဒေသဖြစ်လာနေသည်ဟု စင်္ကာပူအမျိုးသား
နိုင်ငံရေး သိပ္ပံဌာနမှူး ဒေါက်တာဘီဗီယာဆင်းမှ သုံးသပ်ပြောကြားခဲ့ သည်။ လက်ရှိတွင်
တရုတ်အစိုးရ၏စင်္ကာပူနိုင်ငံသား တရုတ် လူမျိုး သူလျှိုများသည် တစ်ရက်ထက်တစ်ရက် ပိုမိုတိုးပွား
လျက်ရှိနေပါကြောင်း။ ။