နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာအနီးရှိ ရုရှားတောင်တွင် လာရောက် လည်ပတ်သူများဖြင့် စည်ကား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, August 5, 2020

နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာအနီးရှိ ရုရှားတောင်တွင် လာရောက် လည်ပတ်သူများဖြင့် စည်ကား


စောဦး (ရတနာမြေ)
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဘော်တွင်း ကျေးရွာအနီးရှိ ရုရှား တောင်တွင် ရပ်နီး/ ရပ်ဝေးမှ လာ ရောက် လည်ပတ်သူများဖြင့် စည် ကားလျက်ရှိကြောင်း သိရသည်။
.


.
အဆိုပါ ရုရှားတောင် နမ္မတူ- မန်တုံသွား ကားလမ်းဘေး၊ နမ္မတူမှ ၁၃ မိုင်ခန့်အကွာ ဘော်တွင်းကျေး ရွာသို့ မရောက်မီ ၃ မိုင်ခန့်တွင် တည်ရှိပြီး မိုးရာသီကာလ၌ သဘာဝ ရှုခင်းများနှင့် စိမ်းလမ်း စိုပြည်သဖြင့် ခရီးသွားများအား ဆွဲဆောင်မှုရှိပြီး လေကောင်းလေသန့် ကောင်းစွာရရှိ သော နေရာတစ်ခုဖြစ်ကြောင်း သိရ
သည်။

.
ရုရှားတောင်သို့ လာရောက် လည်ပတ်သူများက ယင်းတောင်ကို နယူးဇီလန်တောင်ဟု တင်စား ခေါ် ဝေါ်ကြပြီး နေ့စဉ် နမ္မတူ၊ လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့များမှ လာ ရောက် လည်ပတ်သူ ၁၀၀ မှ ၂၀၀ ခန့်ရှိကြောင်း ဒေသခံများထံမှ သိရ သည်။
.
ရုရှားတောင်ထိပ်ပေါ်ကို ရောက် ပြီဆိုရင် လမ်းခရီးမှာ ပင်ပန်းခဲ့သမျှ၊ ကားမူးခဲ့သမျှ ဘယ်ရောက် သွား တယ် မသိဘူး။ အမောပြေပြီး သဘာ ဝရှုခင်းတွေကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်”ဟု ရုရှား တောင်သို့ သွားရောက် လည်ပတ်ခဲ့ သူတစ်ဦးက ၎င်း၏ အမြင်ကို ပြော သည်။
.
ယင်း ရုရှားတောင်မှ ၃ မိုင်ခန့် ဆက်သွားလျှင် ဘော်တွင်းကျေးရွာရှိ သတ္တုတွင်း ဒေသသို့ ရောက်ရှိမည် ဖြစ်ပြီး ထိုမှတစ်ဆင့် ကျားစခန်းကျေး ရွာရှိ ကမ္ဘာကျော်ခရုပတ်ကွေ့ရထား လမ်းသို့လည်း သွားရောက် လည် ပတ်နိုင်ကြောင်း သိရသည်။
.



No comments:

Post a Comment

Journal Download

Photo of three cats

About