ရှမ်းပြည်နယ်အတွက် နိုင်ငံတော်မှ အရန်ဆီပုံးပေါင်း ၈ သောင်းကျော် ဖြန့်ဝေပေးထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွက် နိုင်ငံတော်မှ အရန်ဆီပုံးပေါင်း ၈ သောင်းကျော် ဖြန့်ဝေပေးထား


စုလှိုင်
.
ရှမ်းပြည်နယ်အတွက် နိုင်ငံတော် မှ အရေးပေါ်ရိက္ခာ ဖြန့်ဝေပေးရန် ဇူလိုင်လ နောက်ဆုံးပတ်က ဆီ ၁၀ ပိဿာဝင်ပုံးပေါင်း ၈၇၁၄၉ ပုံး ဖြန့်ဝေ ပေးထားပြီး သိုလှောင်ထားရှိကြောင်း ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီး ဌာနမှ သိရသည်။
.

.
“နိုင်ငံတော် အရန်ရိက္ခာ ဖြန့် ဝေရေးပေါ့။ အရေးပေါ်ဖြစ်လာရင် ဖြန့်ဝေ ပေးဖို့အတွက် အစိုးရကပေး တာပေါ့။ ရှမ်းပြည်နယ်အတွက် လူ ဦးရေကို ကြည့်ပြီး အရန်အနေနဲ့ ပေး တာပါ။ တစ်နိုင်ငံလုံးကိုလည်းပေးပါ တယ်။ သိုလှောင်ဖို့ ဖြန့်ဝေပေးထား ပါတယ်”ဟု ရှမ်းပြည်နယ် စားသုံးသူ ရေးရာ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦးက ပြောသည်။
.
အဆိုပါ ဖြန့်ဝေပေးထားသည့် ဆီ ၁၀ ပိဿာဝင်ပုံး ၈၇၁၄၉ ပုံး၊ အ လေးချိန် ၁၄၀၀ ဒသမ ၆၂၉ တန်အ နက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့သို့ ၁၃၄၉၂ ပုံး၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့သို့ ၃၇၇၂၃ ပုံး ဖြန့်ဝေပေးထားပြီး ဖြစ်ကြောင်း  ၎င်းထံက သိရသည်။
.
“သိုလှောင်ထားတဲ့ အဆင့်ပဲ ရှိ သေးတယ်။ ဒါကလည်း နိုင်ငံတော် အစိုးရက ဖြန့်ဝေဖို့ ခွင့်ပြုချက်ရရင် ပြည်နယ်အစိုးရအစီအစဉ်နဲ့ ဖြန့်ဝေ သွားမှာပါ။ အရေးပေါ် အခြေအနေ ဆိုရင် ညွန်ကြားချက်ရရင် ဖြန့်ဝေပေး သွားမှာပါ”ဟု ဦးတင့်လွင်ဦး ကဆက် လက် ပြောဆိုခဲ့သည်။
.
COVID-19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကာလအတွင်း ပြည်တွင်း ကုန်ဈေးနှုန်း တည်ငြိမ် ရေး၊ ပြည်သူလူထု ရိက္ခာ ဖူလုံစေရေး အတွက် နိုင်ငံတော်အရန် ဆန်နှင့် အရန်ဆီ ငွေကျပ် ၃၈ ဘီလီယံ တန် ဖိုး ဝယ်ယူ စုဆောင်းနေခြင်း ဖြစ် ကြောင်း သိရသည်။
.

Journal Download

Photo of three cats